DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန်၏ ပြည်သူသို့ပေးပို့သည့် သ၀ဏ်လွှာ ထွက်ပေါ်
DVB
·
December 5, 2015
သမ္မတဦးသိန်းစိန်၏ ပြည်သူသို့ပေးပို့သည့် သ၀ဏ်လွှာ ထွက်ပေါ်
Donate to DVB

သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀န်းရှိ ပြည်သူတွေကို ပေးပို့တဲ့သ၀ဏ်လွှာတစောင် ဒီဇင်ဘာ ၅ ရက် ရက်စွဲနဲ့ ထွက်ပေါ်လာပါတယ်။

သ၀ဏ်လွှာထဲမှာ သမ္မတဦးသိန်းစိန်က အစိုးရအပြောင်းအလဲ ဖြစ်စဉ်အောင်မြင်ချောမွေ့စေဖို့ အစိုးရ အဖွဲ့အစည်းအားလုံးနဲ့ ၀န်ထမ်းအားလုံးကို လိုအပ်တဲ့ ညွှန်ကြားချက်များပေးပြီး အစီအမံများ စနစ်တကျလုပ်ဆောင်နေတယ်လို့ ထပ်လောင်းကတိပြု ဖော်ပြလိုက်ပါတယ်။

သူ့သ၀ဏ်လွှာထဲမှာ ကမ္ဘာတ၀န်း အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်း ပြစ်တင်ရှုတ်ချထားပါတယ်။

တခါ  အကြမ်းဖက်တိုက်ခိုက်မှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

“ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လာသည့် မည်သည့် အကြမ်းဖက်မှုမျိုးကို မဆို မြန်မာနိုင်ငံ အနေနှင့် ကမ္ဘာ့မိသားစုဝင်နိုင်ငံများနှင့်အတူ လက်တွဲတွန်းလှန်သွားမည်ဟု ထပ်လောင်းဖော်ပြအပ်ပါသည်။”

သ၀ဏ်လွှာထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကို ဖော်ပြထားပြီး နိုင်ငံရေးတည်ငြိမ်မှု ရှိစေဖို့အတွက် နိုင်ငံရေးအင်အားစုများအားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ ကျန်ရှိနေသေးတဲ့ အဖွဲ့တွေအနေနဲ့ ဒေသခံပြည်သူတွေရဲ့ ဘ၀ကို ထည့်သွင်းစဉ်းစားပြီး လက်မှတ်ထိုးကြဖို့လည်း သ၀ဏ်လွှာထဲ ဖော်ပြပါတယ်။

ဒါ့အပြင် ဦးသိန်းစိန်က ဖားကန့်မြေပြိုသေဆုံးသူများအတွက် ၀မ်းနည်းကြောင်း၊ ဒီဖြစ်ရပ်ကနေ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေအတွက် မူဝါဒဆိုင်ရာတွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီဆိုတာကို သင်ခန်းစာ ရယူရမယ်လို့ သ၀ဏ်လွှာထဲ ဖော်ပြခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လစဉ်ပြောနေကျ ရေဒီယိုမိန့်ခွန်းအစား ပြည်သူသို့ပေးပို့တဲ့ သ၀ဏ်လွှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013