DVB Logo
Home
မြန်မာသတင်း
ဦးသိန်းစိန်အစိုးရ ပြည်ပအကူငွေ ဒေါ်လာသန်း ၃၆၁၄ ကျော်ရရှိ
DVB
·
December 4, 2015
ဦးသိန်းစိန်အစိုးရ ပြည်ပအကူငွေ ဒေါ်လာသန်း ၃၆၁၄ ကျော်ရရှိ
Donate to DVB

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် မြန်မာနိုင်ငံကိုပေးတဲ့ ပြည်ပအကူအညီ တန်ဖိုး စုစုပေါင်း ဒေါ်လာသန်း ၃၆၁၄ ကျော်ရှိရာမှာ လက်ခံရရှိပြီးပမာဏ ပစ္စည်းနဲ့ နည်းပညာအပါအ၀င်တန်ဖိုး ဒေါ်လာသန်း ၂၃၃၄ ကျော်ရှိတယ်လို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာ ၃ ရက်က ကျင်းပတဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့စီမံခန့်ခွဲမှု ဗဟိုကော်မတီအစည်းအဝေးမှာ  အစိုးရတာဝန်ယူခဲ့တဲ့ ၂၀၁၁ ဧပြီလမှ ၂၀၁၅ နိုဝင်ဘာလကုန်အထိ ရယူဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံတကာအကူအညီတွေနဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစီမံချက်တွေကို ရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။

မိတ်ဖက်နိုင်ငံ ၂၄ နိုင်ငံ အပါအ၀င် ကုလသမဂ္ဂနဲ့  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ စတဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၇၆ ခုက စီမံချက်ပေါင်း ၉၄၈ ခုအတွက် အကူအညီတွေ ပေးအပ်ခဲ့တာလို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစိုးရကဆောင်ရွက်ပြီး စီမံချက်ပေါင်း ၅၂၀ ခု၊ တန်ဖိုး ဒေါ်လာသန်းပေါင်း ၁၃၅၅ ကျော်ရှိပြီး ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်ပေါင်းက ၄၂၈ ခု၊  စီမံချက်တန်ဖိုးက ဒေါ်လာသန်းပေါင်း ၂၂၅၉ ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ဖွံ့ဖြိုးရေးအကူအညီတွေကို ရယူဆောင်ရွက်တဲ့အခါမှာ နိုင်ငံအတွက် အကျိုးရှိအောင် အသုံးပြုဖို့၊ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့၊ အစိုးရသက်တမ်းအတွင်း လက်စသတ်ရမယ့်လုပ်ငန်းတွေကို လက်စသတ်ဖို့နဲ့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ပြီးစီးမယ့်အချိန်၊ ငွေကြေးရရှိ သုံးစွဲမှု စတာတွေကို  ပွင့်ပွင့်လင်းလင်း စိစစ်သွားကြဖို့ အစည်းအဝေးမှာ ပြောပါတယ်။

၂၀၁၅ ဇူလိုင်၊ သြဂုတ်လတွေက  ပြည်နယ်နဲ့တိုင်း ဒေသကြီးအချိုမှာ ရေကြီးရေလျှံမြေပြို သဘာဝဘေးအန္တရာယ်တွေ ကြုံခဲ့ရစဉ် ငွေကြေး၊ စားနပ်ရိက္ခာနဲ့ နည်းပညာဆိုင်ရာ အကူအညီတွေ  ပံ့ပိုးပေးခဲ့ကြသူတွေ  အားလုံးကို ပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်းလည်း သမ္မတက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013