DVB Logo
Home
မြန်မာသတင်း
စစ်ဘေးသင့် ကလေးငယ်များအတွက် ကလေးချင်း အားပေးသည့်အစီစဉ် ပြုလုပ်
DVB
·
December 4, 2015
စစ်ဘေးသင့် ကလေးငယ်များအတွက် ကလေးချင်း အားပေးသည့်အစီစဉ် ပြုလုပ်
1 / 6
Donate to DVB

စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးသင့်ကလေးတွေကို အားပေးကူညီတဲ့အနေနဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ပြီး ကလေးအချင်းချင်းအားပေးတဲ့ အစီစဉ်တခုကို ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်လင်းလူ့အဖွဲ့အစည်းရုံးမှာပဲ စစ်ဘေးသင့် ကလေးငယ်တွေကို အားပေးကူညီတဲ့အနေနဲ့ လုံခြုံ၊ ငြိမ်းချမ်းတဲ့နေရာမှာရှိတဲ့ ကလေးတွေက အားပေးကူညီတဲ့ အစီစဉ်ကို လုပ်ဆောင်ခဲ့တာလို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ  ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

“စစ်ဘေးသင့်ကလေးတွေပေါ့၊ ပုန်းရှောင်နေရတဲ့ကလေးတွေ၊ ဒုက္ခသည်စခန်းရောက်နေတဲ့ ကလေးတွေ၊ အဲလိုကြောက်လန့်တကြားနဲ့ဖြစ်နေတဲ့ စစ်ဘေးသင့်ကလေးတွေအတွက်ကို ဒီဘက်က လုံခြုံစိတ်ချရတဲ့နေရာမှာရှိနေတဲ့၊ အေးချမ်းတဲ့နေရာမှာ ရှိနေတဲ့ ကလေးတွေကနေပြီးတာ့မှ သူတို့ သူငယ်ချင်းတွေအတွက် ပန်းချီဆွဲပြီး ပို့လိုက်မယ်။ သူတို့စားတဲ့အစားအစာတွေကို သူတို့ ခွဲပို့မယ်။ သူတို့ ၀တ်တဲ့ အနွေးထည်တွေကို ခွဲပို့မယ်။ သူတို့စားတဲ့သောက်တဲ့၊ သူတို့သုံးတဲ့ ပန်းကန်ပြားတွေခွဲပို့မယ်။ အဲလို ကလေးကလေးချင်းပေါ့။ ပို့လိုက်တဲ့နေရာမှာလည်း စာလေးတွေရေးပေးမယ်။ ကိုယ်ကတော့ ဘယ်သူပါ၊ ဘယ်နှတန်းပါ၊ ဘယ်မှာနေပါတယ်ပေါ့။ သူငယ်ချင်းအတွက်ကို ဘာလေးပို့လိုက်ပါတယ်ပေါ့။ တနေ့နေ့မှာ ဒို့တွေ ပြန်ဆုံကြမယ်ပေါ့။ ကလေးချင်းအားပေးတဲ့ပွဲပါ။”

ကလေးတွေဆီကနေ ရရှိလာတဲ့ အားပေးကူညီမှုပစ္စည်းတွေကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့စည်းကပဲ စစ်ဘေးရှောင်ကလေးငယ်တွေဆီ သွားရောက်ပို့ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေ ၄ နာရီလောက် ရန်ကုန် ကန်တော်ကြီးမှာရှိတဲ့ မီနီဇူးမှာ ကလေးတို့ရဲ့ "ယုံကြည်သောအနာဂါတ်" ဆိုတဲ့ပွဲ လုပ်ဆောင်သွားမယ်လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013