DVB Logo
Home
မြန်မာသတင်း
မတရား​ဖမ်း​ထား​သဖြင့်​ ပြန်လွှတ်​ပေး​ရန် နိုင်ငံ​ရေး​အကျဉ်း​သား​ ၅ ဦး​ ​တောင်း​ဆို
DVB
·
July 11, 2011
မတရား​ဖမ်း​ထား​သဖြင့်​ ပြန်လွှတ်​ပေး​ရန် နိုင်ငံ​ရေး​အကျဉ်း​သား​ ၅ ဦး​ ​တောင်း​ဆို
Donate to DVB

အစိုး​ရ​ဟောင်း​လက်ထက်မှာ မတရား​ဖမ်း​ဆီး​ ချုပ်​နှောင်ထား​တာ ဖြစ်တဲ့​အတွက် လက်ရှိအစိုး​ရသစ်လက်ထဲမှာ လွှတ်​ပေး​ဖို့​နဲ့​ မလွှတ်ရင် အများ​ပြည်သူ​ရှေ့​မှာ အမှုပြန်လည် စစ်​ဆေး​ဖို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅ ဦး​က သမ္မတသစ် ဦး​သိန်း​စိန်ထံ ဒီက​နေ့​ လက်မှတ်ထိုး​ ​တောင်း​ဆိုလိုက်ပါတယ်။

[caption id="attachment_12547" align="alignleft" width="310" caption="မိတ္ထီလာ​ထောင် (ဓာတ်ပုံ - Google Earth)"][/caption]

မိတ္ထီလာ​ထောင်မှာ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကိုထွန်း​ထွန်း​နိုင်၊​ ကိုထွန်း​ထွန်း​ဦး​၊​ ကိုညိုဝင်း​၊​ ကိုမြတ်ကိုနဲ့​ ဦး​ဥာဏ်ဝင်း​ (​ခေါ်) အရှင်စန္ဒဝရ တို့​က စု​ပေါင်း​ လက်မှတ်ထိုး​ပြီး​ ​ထောင်ပိုင်ကို စာတင်ထား​တာ ဖြစ်ပါတယ်။

ဒီ​နေ့​ ​ထောင်ဝင်စာသွား​တွေ့​ခဲ့​တဲ့​ ကိုထွန်း​ထွန်း​နိုင်ရဲ့​ ဇနီး​ မ​အေး​သက်က “အစိုး​ရအသစ်က အကုန်လုံး​ကို မျှမျှတတနဲ့​ အဆင်​ပြေ​အောင် လုပ်​ပေး​မယ်လို့​ ​ပြောထား​တာကို သူတို့​ဆီမှာလည်း​ သတင်း​စာ​တွေ ဖတ်ရတယ်။ အဲဒါ​ကြောင့်​မို့​လို့​ အရင်အစိုး​ရအ​ဟောင်း​တုန်း​က မတရား​သဖြင့်​ ဖမ်း​ဆီး​ပြီး​ ​ထောင်ချထား​တယ်။ အပြစ်မရှိဘဲနဲ့​ ဖမ်း​ထား​တယ်။ အဲဒါကို အခု သမ္မတ ဦး​သိန်း​စိန်အ​နေနဲ့​ ဒီဟာကို မှန်မှန်ကန်ကန် အများ​ရှေ့​မှောက်မှာ မှန်ကန်တဲ့​ တရား​စီရင်​ရေး​နဲ့​ လွှတ်​ပေး​ရင်လည်း​ လွှတ်​ပေး​၊​ မလွှတ်​ပေး​ရင်လည်း​ အများ​ပြည်သူ​ရှေ့​မှာ ပြန်ပြီး​တော့​ စိစစ်​ပေး​၊​ မတရား​သဖြင့်​ ဖမ်း​ထား​တယ်ဆိုတာကို မှန်မှန်ကန်ကန်နဲ့​ လုပ်​ပေး​စေချင်တယ်။ အဲဒီအတိုင်း​ကို ​ရေး​ထား​တယ်။ ​ထောင်ထဲက​နေ သမ္မတကြီး​ ဦး​သိန်း​စိန်ဆီကို တင်​ပေး​ဖို့​ဆိုပြီး​ သူတို့​ ၅ ဦး​ လက်မှတ်စုထိုး​ပြီး​တော့​ ​ထောင်ပိုင်ကို ဒီ​နေ့​ပဲ တင်ထား​တယ်။ တင်​ပေး​မ​ပေး​ မသိဘူး​ပေါ့​” လို့​ ​ပြောပါတယ်။

ကိုထွန်း​ထွန်း​နိုင်ဟာ ၂၀၀၈ ဇန်နဝါရီလမှာ ဖမ်း​ဆီး​ခံရပြီး​ သူ့​ကို နိုင်ငံ​တော် အကြည်ညိုပျက်​စေမှု၊​ အီလက်ထ​ရောနစ်ပုဒ်မတို့​နဲ့​ တရား​စွဲဆိုကာ ​ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့​ရပြီး​နောက် အယူခံဝင်ရာမှာ ၇ နှစ် ​လျှော့​ပေး​လိုက်တာ​ကြောင့်​ ​ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့​ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013