DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအလွန် နိုင်ငံရေး ယူအန်အေ မဟာမိတ်များ ဆွေးနွေး
DVB
·
December 3, 2015
ရွေးကောက်ပွဲအလွန် နိုင်ငံရေး ယူအန်အေ မဟာမိတ်များ ဆွေးနွေး
Donate to DVB

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဘက်ပါတီတွေဟာ ရွေးကောက်ပွဲအလွန် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး  ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ယူအန်အေခေါင်းဆောင်တဦးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က “လက်ရှိ ရွေးကောက်ပွဲရလဒ်ရဲ့ အနေအထား၊ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်း အနေအထားမှာ ယူအန်အေအနေနဲ့ ရှေ့ကို ဘယ်လိုဆက်မလဲ၊ လိုအပ်ရင် ယူအန်အေနဲ့ မိတ်ဘက်အစည်းအဝေးခေါ်ဖို့ လိုအပ်၊ မလိုအပ် စသည်အားဖြင့် ဒီအချက်အလက်တွေ ဆွေးနွေးပါတယ်။ နောက်တခုက  နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲနေတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြပါတယ်” လို့ ပြောပါတယ်။

အလွတ်သဘော ဆွေးနွေးခဲ့ကြတာဖြစ်ပြီး တစုံတရာ ဆုံးဖြတ်ချက်ချတာ မရှိဘူးလို့လည်း  ယူအန်အေအဖွဲ့ဝင် ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ယူအန်အေအနေနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီနဲ့ တွေ့ဆုံဖို့ရှိပေမယ့် ရက်အတိအကျတော့ သတ်မှတ်ခြင်း မရှိသေးပါဘူး။  အန်အယ်လ်ဒီပါတီနဲ့ တွေ့ဆုံတဲ့အခါ နိုင်ငံရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့  ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“အဓိကကတော့ နိုင်ငံရေးသဘောတူညီချက် တခုပေါ့လေ။ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတို့ စသဖြင့်ပေါ့ဗျ။ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဒါတွေကိုတော့ မေးကြည့်ရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရအဖွဲ့သစ် ဖွဲ့တဲ့အခါကျရင် အန်အယ်လ်ဒီပါတီဝင် မဟုတ်တဲ့ တိုင်းရင်းသားတွေလည်း ပါဝင်မယ်လို့  ပြောကြားထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) ကို ၁၉၉၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ၂၀၀၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယူအန်အေနဲ့ မိတ်ဘက်ပါတီ  ၃၃ ဖွဲ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013