DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့တွင် ရွာသားများကို လက်နက်ကိုင်အဖွဲ့က အဓမ္မခေါ်ဆောင်
DVB
·
December 3, 2015
လားရှိုးမြို့တွင် ရွာသားများကို လက်နက်ကိုင်အဖွဲ့က အဓမ္မခေါ်ဆောင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲမှာ ရွာသားတွေကို လက်နက်ကိုင်အဖွဲ့တဖွဲ့က အဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ အနောက်မြောက်ဘက် ၁၀ မိုင်အကွာ နမ္မတူသွားလမ်းမှာရှိတဲ့ ရွာပေါင်း ၅ ရွာလောက်က ရွာသားတွေကို လက်နက်ကိုင်အဖွဲ့က အဓမ္မခေါ်သွားတာလို့ အီနိုင်းကျေးရွာအုပ်စု ရပ်မိရပ်ဖ ဦးစိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ တန်ဆောင်မုန်းလပြည့်နေ့ကပေါ့၊ အီနိုင်းရွာမှာ ကချင်ကောက်သစ်စားပွဲ လုပ်နေတုန်း လက်နက်ကိုင်အဖွဲ့က ပွဲခင်းထဲကနေ အဓမ္မခေါ်သွားတာ၊ အဲဒီပွဲခင်းထဲမှာ လူ ၁၅ ယောက် ပါသွားတယ်။ ပြီးတော့ တာကျိုင်းဟောင်းရွာက ၁ ယောက်၊  တာကျိုင်းသစ်ရွာက ၂ ယောက်လည်း ခေါ်သွားတယ်။ ကချင်ရွာသစ်၊ လီရှောရွာ၊ ပန်ဟုန်း (လားဟူရွာ) နဲ့ ၁၅ မိုင်က လွယ်တွပ်ရွာထဲမှာလည်း ညအချိန် လူတွေအိပ်နေတာ အတင်းနှိုးပြီး ခေါ်သွားတယ်။ တချို့ရွာက ၃ ယောက်၊ တချို့ရွာက ၄ ယောက်၊ အဲလိုမျိုး ခေါ်သွားတယ်လို့ပြောတယ်။ မိန်းမတွေလည်း ပါတယ်၊ အတိအကျတော့ မသိရဘူး။”

လက်နက်ကိုင်အဖွဲ့က ခေါ်သွားတဲ့ လူတွေထဲမှာ ချင့်ကျိုင်းရွာက တရုတ်စာသင်တဲ့ အသက် ၁၈ နှစ်ရွယ် ဆရာမလေးတယောက်လည်းပါပြီး ရွာလူကြီးတွေက သွားရောက်တောင်းပန်တဲ့ အတွက်ကြောင့် မနေ့ညက ပြန်လွတ်လာပြီလို့ ဆိုပါတယ်။

ပန်ဟုန်းရွာက ရွာသား ၂ ဦးကတော့ အဖမ်းခံရပြီး နောက်တနေ့မှာ တောထဲကနေ ပြန်ထွက်ပြေးလာကြောင်း၊ သူတို့ ၂ ဦးဟာလည်း ရွာကိုမပြန်ရဲသေးဘဲ လားရှိုးဘက်ကို တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ ကောင်းခါးပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားသွားလာလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013