DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ် သစ်ဆိပ်တွင် ကညင်သစ်များ ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
December 3, 2015
ကသာမြို့နယ် သစ်ဆိပ်တွင် ကညင်သစ်များ ပိုင်ရှင်မဲ့ဖမ်းမိ
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဧရာဝတီမြစ် အရှေ့မြောက်ဘက် ၈ မိုင်လောက်အကွာ ကျောက်ထုံးကြီးအုပ်စု လှော်ကဆင်း ကျေးရွာရှိ သစ်ချဆိပ်ကမ်းမှာ ပိုင်ရှင်မဲ့ တရားမဝင် ကညင်သစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၁ နာရီလောက်က တောအုပ်ကြီး ဦးသန်းထွန်း ဦးဆောင်တဲ့ တိုင်းသစ်တောအဖွဲ့နဲ့ ကသာမြို့နယ် ကျောက်ထုံးကြီး ဘိနယ် တာဝန်ခံ တောအုပ် ဦးနိုင်ဝင်းတို့ ပူးပေါင်းအဖွဲ့တို့က လော်ကဆင်း ကျေးရွာဘေးအနီး ဝန်းကျင်နဲ့ သစ်ချဆိပ်ကမ်းတို့မှာ အင်ကညင်သစ် ၁၂ လုံး၊ စုစုပေါင်း သစ်တန် ၅၄ တန်လောက် ဖမ်းဆီးရမိခဲ့တာပါ။

သစ်လုံးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ကနေ သယ်ဆောင်လာကြတာဖြစ်ပြီး ခတ်ခုံကျေးရွာ၊ စကားကုံး ကျေးရွာတွေကို ဖြတ်ကျော်ကာ လှော်ကဆင်းကျေးရွာ သစ်ချဆိပ်ကို ရောက်ရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တဲ့ သစ်လုံးတွေကို ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်းယူထားပြီး သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကသာမြို့နယ် ကျောက်ထုံးကြီး ဘိနယ် တာဝန်ခံ တောအုပ် ဦးနိုင်ဝင်းက ပြောပါတယ်။

အခုလို တရားမဝင် သစ်ထုတ်ယူမှုတွေ များပြားလာတာကြောင့် ကသာမြို့နယ် သစ်တော ဧရိယာအတွင်းမှာ ကျွန်းသစ်တွေ တနေ့တခြား ရှားပါးလာသလို အင်ကညင်သစ်တွေဟာလည်း မရှိသလောက် ရှားပါးလာနေတယ်လို့ ဆိုပါတယ်။

ကသာမြို့မှာ ဒေသတွင်း ပြင်ပပေါက်ဈေးက ကျွန်းသစ် ၁ တန်ကို ၆ သိန်းကျပ် ဈေးနှုန်းအထိ မြင့်တက်လာသလို အင်ကညင်သစ်တွေဟာလည်း ၁ တန်ကို ကျပ် ၃ သိန်း ဈေးနှုန်းအထိ မြင့်တက်လာနေပါတယ်။

သစ်မှောင်ခို ကုန်သည်တွေဟာ သစ်လုံးတွေကို မန္တလေးဘက်ကို ဧရာဝတီ မြစ်ကြောင်းကနေ သယ်ယူနေတာ ရှိသလို သစ်ခွဲသားတွေကိုလည်း နည်းမျိုးစုံနဲ့ သယ်ယူနေကြတဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေက သစ်ဈေးနှုန်းထက် အခုနှစ်မှာ ၁ သိန်းကျပ် ဝန်းကျင်အထိ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ - သီဟဆွေ (ကသာ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013