ချယ်လ်ဆီးအသင်းက ညာတောင်ပံ နောက်ခံကစားသမား မာလို ဂတ်စ်တိုကို ပေါင်သန်း ၇၅ သန်း ဈေးကွက်တန်ဖိုး သတ်မှတ်ထားပါတယ်။
အသက် ၂၃ နှစ်အရွယ် ပြင်သစ်သား ဂတ်စ်တိုဟာ မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး အသင်းဟောင်းနည်းပြ အန်ဇို မာရက်စ်ကာနဲ့ ပြန်လည်လက်တွဲဖို့ စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။
ချယ်လ်ဆီးဘက်က ဂတ်စ်တိုကို ရောင်းချဖို့ အစီအစဉ်မရှိပေမဲ့ တခြား ဥရောပ ထိပ်တန်းအသင်းတွေကလည်း စိတ်ဝင်စားမှု ပြသနေပါတယ်။
မန်စီးတီးဘက်ကတော့ ဒီဈေးကို ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒါ့အပြင် ချယ်လ်ဆီးဟာ အင်တာမီလန်ကနေ မာကို ပယ်လက်စ်ထရာ ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။










