DVB Logo
Home
မြန်မာသတင်း
ထပ်တိုးဘတ်ဂျက် တောင်းခံမှုနှင့်ပတ်သက်၍ ၀န်ကြီးဌာနများ ရှင်းလင်း
DVB
·
December 3, 2015
ထပ်တိုးဘတ်ဂျက် တောင်းခံမှုနှင့်ပတ်သက်၍ ၀န်ကြီးဌာနများ ရှင်းလင်း
Donate to DVB

ဘတ်ဂျက်တွေ ဘာကြောင့် ထပ်ပြီးတောင်းခံရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနတွေက ဒီဇင်ဘာ ၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ လာရောက် ရှင်းလင်းခဲ့ပါတယ်။

ဝန်ကြီးဌာန ၂၆ ခုဟာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေတွေ တောင်းခံခဲ့တာပါ။

ပြည်ထောင်စုနဲ့ တိုင်းနဲ့ပြည်နယ်တွေက တောင်းခံလာတဲ့ စုစုပေါင်း ပမာဏဟာ ငွေကျပ် ကုဋေပေါင်း ၂ သိန်း ၅ သောင်းကျော် (၂၅၃၅ ဒသမ ၁ ဘီလီယံ) ဖြစ်ပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနနဲ့ ဟိုတယ်ခရီးဝန်ကြီးဌာနတွေကတော့ ဖြည့်စွက်တောင်းခံတာ မရှိခဲ့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီးတဲ့နောက် သက်ဆိုင်ရာ ၀န်ကြီးဌာန ၁၈ ခုက ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းနေတာပါ။

ဒေါ်လာဈေးတက်လာတဲ့အတွက် ပြည်ပကို ပေးချေရမယ့် ချေးငွေတွေနဲ့ ကုန်ပစ္စည်းတန်ဖိုးတွေမှာ လိုငွေတွေ ဖြစ်လာခဲ့တာပါ။

ဒီလို ပြည်ပက ငွေမချေးခင်မှာ ဒေါ်လာဈေးတက်လာခဲ့ရင် အခက်အခဲ ရှိနိုင်တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ဖူးပါတယ်။

ဘတ်ဂျက်ငွေတွေ ထပ်တောင်းရတဲ့ အကြောင်းရင်းတွေကတော့ ဒေါ်လာဈေးတက်လာတာ၊ ၀န်ထမ်းလစာနဲ့ နိုင်ငံတော်ဆပ်ရမယ့် ကြွေးမြီတွေကြောင့် ဖြစ်တယ်လို့ ၀န်ကြီးဌာန အများစုက ရှင်းလင်းပါတယ်။

ဖြည့်စွက်တောင်းခံလာတာမှာ ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံးဖြစ်ပြီး ကျပ်သန်းပေါင်း ၄ သိန်းကျော် တောင်းခံထားတာပါ။

တိုင်းနဲ့ပြည်နယ်တွေကတော့ ကျပ်သန်းပေါင်း ၇ သောင်း ၁ ထောင်ကျော် တောင်းခံထားပြီး မန္တလေးတိုင်းဒေသကြီးက ကျပ်သန်း ၂ သောင်းကျော်နဲ့ အများဆုံး၊ ကယားပြည်နယ်က ကျပ်သန်း ၁၂၀ ကျော်နဲ့ အနည်းဆုံးဖြစ်ပါတယ်။

ပြည်ထောင်စုနဲ့ တိုင်းနဲ့ ပြည်နယ်တွေအတွက် မူလက ရန်ပုံငွေ ကျပ် ကုဋေပေါင်း ၂ သန်း ၃ သောင်းကျော် (၂၃၀၁၆ ဒသမ ၅ ဘီလီယံ) ခွင့်ပြုပေးထားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013