DVB Logo
Home
မြန်မာသတင်း
တာပိန်စက်ရုံလုံခြုံရေးတပ်က ကေအိုင်အေဘက်ကို လက်နက်ကြီးဖြင့် ပစ်
DVB
·
July 10, 2011
တာပိန်စက်ရုံလုံခြုံရေးတပ်က ကေအိုင်အေဘက်ကို လက်နက်ကြီးဖြင့် ပစ်
Donate to DVB

ကချင်ပြည်နယ်ထဲ တာပိန်ရေအားလျှပ်စစ်စက်ရုံက လုံခြုံရေးယူထားတဲ့ အစိုးရတပ်တွေက ကချင်ရှေ့တန်း တပ်ရင်း ၂၅ ကို ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။

[caption id="attachment_12523" align="alignleft" width="310" caption="ကချင်လွတ်လပ်ရေး တပ်မတော်"][/caption]

အစိုးရတပ်က တာပိန်ရေအားလျှပ်စစ် စက်ရုံကို ဒိုင်းသဖွယ် အကာအကွယ်ယူပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ညနေစောင်းတဲ့အထိ ကြိုးကြားကြိုးကြား ပစ်နေတုန်းပဲလို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဟာ ဒီတာပိန်ရေအားလျှပ်စစ်စက်ရုံက စတင်ခဲ့တာပါ။

ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ သေကျေတဲ့သတင်း မကြားရသေးဘူးလို့လည်း ဆိုပါတယ်။ အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပေါ် ဦးလနန်းက အခုလို ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပေါ်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ တနည်းနည်းနဲ့ ပြန်ပြီး တုံ့ပြန်တာမျိုး လုပ်မှာပါ။ ဒါပေမမယ့် အဲဒီနေရာကို တိုက်ရိုက်ပစ်တာမျိုးတော့ မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က စက်ရုံထဲမှာနေပြီး စက်ရုံကို အကာအကွယ်ယူပြီး ပစ်တဲ့အခါ သူတို့အနေနဲ့ အမျိုးမျိုး ရမယ် ရှာတာ ဖြစ်နိုင်တယ်။ သူတို့က အဲဒီနေရာက ပစ်လို့ ကျနော်တို့ကလည်း အဲဒီနေရာကို ပြန်ပစ်မယ်ဆိုရင် သူတို့ပြောဆိုနေတဲ့ စက်ရုံလုံခြုံရေးအရ ကန့်သတ်စစ်ပွဲ တိုက်ပွဲလုပ်ရတယ်ဆိုတဲ့ ပြောဆိုချက်ကို ထောက်ခံတဲ့ ပုံစံ ဖြစ်သွားနိုင်တယ်။ သူတို့လည်း အဲဒီဟာကို လှည့်ကွက် လုပ်တာလားတော့ မသိဘူးလေ။”

ပြီးခဲ့တဲ့ သောကြာနေ့က  ၆ လ ယာယီအပစ်အခပ်ရပ်စဲဖို့အတွက် ကေအိုင်အိုဘက်က စာပေးပို့ခဲ့တဲ့အချိန်လည်း  ဖြစ်ပါတယ်။ အဲဒီအပေါ်မှာလည်း ဦးလနန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ မျှော်လင့်ချက်အများကြီး ထားပါတယ်။ ဒီအစိုးရဘက်မှာ ကျနော်တို့ရဲ့ လိုလားချက်ကို ဘယ်လောက်အထိ စဉ်းစားပေးနိုင်မလဲဆိုတဲ့အပေါ် အများကြီး မူတည်ပါတယ်။ ကျနော်တို့ တောင်းဆိုချက်တွေက ဘာတွေ ပါလဲဆိုတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ဖြစ်ပေါ်လာရေးဆိုတဲ့ အဆိုကို ထည့်ထားတယ်။ ဒီအဆိုကို သူတို့ လက်ခံမလား မလက်ခံဘူးလားဆိုတာမျိုးပေါ့။ ဒါပေမယ့် အခုအချိန်အထိ သူတို့ရဲ့ ဆန္ဒတွေ ဘယ်လိုရှိတယ်ဆိုတာ အကြောင်းပြန်လာတာမျိုး မရှိတော့ ကျနော်တို့လည်း ဘယ်လိုပြောရမှန်း မသိဘူး။”

စနေနေ့ ညနေပိုင်းကလည်း ကေအိုင်အေ ရှေ့တန်းဌာနချုပ်ရှိတဲ့ ပါဂျောင်ဘက်ကို အစိုးရတပ်က လက်နက်ကြီး ၁၀ လုံးထက် မနည်းပစ်ခဲ့ပြီး လက်နက်ကြီးကျည်တွေက တရုတ်ဘက်ကို ကျသွားခဲ့တယ်လို့ သိရပါတယ်။

အစိုးရတပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲတွေ တလကျော်ကြာခဲ့တာကြောင့် စစ်ပြေး ဒေသခံပြည်သူတွေ ဆေးဝါးနဲ့ အစားအသောက် ပြဿနာ ရှိလာနေပြီလို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013