DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် စစ်ဘေးကယ်ဆယ်ရေးစခန်းတွင် အမိုးအကာနှင့် ကြမ်းခင်းများ လိုအပ် (သတင်းဓာတ်ပုံ)
DVB
·
December 2, 2015
ရှမ်းပြည်နယ် စစ်ဘေးကယ်ဆယ်ရေးစခန်းတွင် အမိုးအကာနှင့် ကြမ်းခင်းများ လိုအပ် (သတင်းဓာတ်ပုံ)
1 / 9
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းက စစ်ရှောင်ပြည်သူအချို့အတွက် အမိုးအကာနဲ့ ကြမ်းခင်းတွေ လိုအပ်နေတယ်လို့ သွားရောက်လှူဒါန်းခဲ့သူတွေက ပြောပါတယ်။

ဟိုက်ပါကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၁၃၇၀ ကျော် ရှိပြီး လက်ရှိ ၀ါးကြမ်းခင်းပေါ်မှာ နေထိုင်သူတွေရှိပေမယ့် အများစုဟာ မြေပေါ်မှာ အခင်းနဲ့သာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

“ရာသီဥတုက ညဘက်ဆို အတော်အေးလာပြီ။ မြေကြီးပေါ်မှာ အခင်းပါးလေးနဲ့ အိပ်တာ ကြာလာရင် ကလေးတွေရော၊ လူကြီးတွေရော ကျန်းမာရေး ထိခိုက်လာလိမ့်မယ်။ အဆောက်အဦအတွက် ၀ါးတို့၊ သစ်တို့ လိုနေပေမယ့် စစ်ပြီးလို့ အခုပဲ ပြန်ရတော့မလို ဖြစ်နေတော့ အလှူရှင်တွေကလည်း လှူဖို့စဉ်းစားကြတာပေါ့” လို့ သွားရောက်လှူဒါန်းခဲ့တဲ့ တကိုယ်တော် ပရဟိတသမားများ ကွန်ရက် ဦးဆောင်သူ ဒေါ်ခင်နှင်းကြည်သာက ပြောပါတယ်။

ဟိုက်ပါ စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေဟာ ဆောင်းတွင်းကာလဖြစ်လို့ အအေးဒဏ်ခံနိုင်ရေး လုံခြုံတဲ့ အဆောက်အဦတွေ အဓိက  လိုအပ်နေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ လက်ရှိ သုခရင်ခွင် ဆရာဝန်များအဖွဲ့နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က စောင့်ကြည့်ကုသ ပေးနေပါတယ်။

"အလှူရှင်တွေက အဓိက စားနပ်ရိက္ခာပဲ လာလှူကြတာ။ ၀ါးတလုံး ၁၅၀၀)၏ ကျပ်လောက်ရှိတယ်။ သူတို့အတွက် ၀ါးအလုံးရေ ၁ သောင်းနီးပါးလိုနေတယ်။ ဒါကို လှူဖို့ကြတော့လည်း စခန်းက အခုပဲ ဖယ်ပေးရတော့မလို ဖြစ်နေတော့ လှူဖို့က အခြေအနေကို စောင့်နေရတုန်းပဲ” လို့ ဒေါ်ခင်နှင်းကြည်သာက  ဆက်ပြောပါတယ်။

ဟိုက်ပါ စစ်ဘေးရှောင်စခန်းမှာ ၁ လကျော်လောက် နေရတာကြောင့် နေရပ်ပြန်ချင်ပေမယ့် သူတို့ရဲ့ ကျေးရွာတွေမှာ ထိတွေ့ပစ်ခတ်မှုတွေ ရှိနေသေးလို့ ပြန်ဖို့ ခက်ခဲနေသေးတယ်လို့ စစ်ရှောင်စခန်းမှ ပြည်သူတွေက ဆိုပါတယ်။

“သီးနှံတွေလည်း ရိတ်ချင်နေပြီ။ ယောက်ျားက အိမ်ကို တခေါက်သွားကြည့်တာ ပြန်မလာသေးဘူး။ စိတ်ပူနေပြီ” လို့ ဟိုက်ပါစစ်ရှောင်စခန်းက လီဆူတိုင်းရင်းသူတဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အောက်တိုဘာလကစပြီး အက်စ်အက်စ်အေနဲ့ မြန်မာ့တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ရာက ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ ရှမ်းပြည်နယ်တောင်ပိုင်း စစ်ရှောင်စခန်း ၈ ခုလောက်မှာ ပြည်သူ ၄၀၀၀ ကျော် နေထိုင်နေရသလို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ အနီးတ၀ိုက်မှာ စစ်ရှောင်စခန်း ၂ ခု ဖွင့်ထားပြီး စစ်ရှောင်ပြည်သူ ၅၀၀ ကျော်လောက် ခိုလှုံနေရပါတယ်။

သတင်း - ကိုဇက်၊ ဓာတ်ပုံ - ခင်နှင်းကြည်သာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013