DVB Logo
Home
မြန်မာသတင်း
သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးသည့်မှတ်တမ်း ဗွီဒီယို
DVB
·
December 2, 2015
သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးသည့်မှတ်တမ်း ဗွီဒီယို
Donate to DVB

နောင်တက်လာမယ့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေးနဲ့ ပြည်သူတွေ စိုးရိမ်ပူပန်မှု မရှိစေဖို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့မနက်  ၉ နာရီကနေ ၉း၄၅ နာရီအထိ သမ္မတအိမ်တော်မှာ တွေ့ဆုံးဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ ယခင်က အစဉ်အလာ မရှိခဲ့တဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်တွေကို စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတစ်ခုကို ထူထောင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပပေးခဲ့တဲ့အတွက်  ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်သံ - နိုင်ငံတော်သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013