DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး (သတင်းဓာတ်ပုံ)
DVB
·
December 2, 2015
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး (သတင်းဓာတ်ပုံ)
1 / 11
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက်က နေပြည်တော် သမ္မတအိမ်တော်မှာ  ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးနေပါတယ်။

အခုလက်ရှိ တွေ့ဆုံဆွေးနွေးပွဲကို မီဒီယာတွေအနေနဲ့ ၀င်ရောက်သတင်းရယူခွင့် မရရှိဘဲ ဆွေးနွေးပွဲပြီးမှ သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ရှိပါတယ်။

ရွေးကောက်ပွဲကတဆင့် ဖော်ထုတ်ခဲ့တဲ့ လူထုဆန္ဒကို အကောင်အထည်ဖော်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံပြီး တွေ့ဆုံဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်နာယကတို့ကို ဖိတ်ကြားထားတာဖြစ်ပြီး ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်အရ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်သစ် ခေါ်ယူကျင်းပနိုင်ရေး အဓိကတာဝန်ရှိတဲ့ သူရဦးရွှေမန်းနဲ့တော့ နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး လွှတ်တော် ဒုတိယသက်တမ်းအတွက် အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်မှာ ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံခဲ့ဖူးပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးသန့် နှစ်ယောက်ချင်း တွေ့ဆုံဆွေးနွေးမှုကတော့ ခုတကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - သမ္မတရုံးဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013