DVB Logo
Home
မြန်မာသတင်း
တရားမ၀င် ထိုင်း ငါးမိုင်းခွဲစက်လှေတစီး ဖမ်းမိ (သတင်းဓာတ်ပုံ)
DVB
·
December 2, 2015
တရားမ၀င် ထိုင်း ငါးမိုင်းခွဲစက်လှေတစီး ဖမ်းမိ (သတင်းဓာတ်ပုံ)
1 / 3
Donate to DVB

တရားမ၀င် ထိုင်းငါးဖမ်း ဗုံးခွဲစက်လှေတစီးကို တနင်္သာရီ ရေတပ်မတော် ၅၆၉ က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဖမ်းဆီးပြီး ဒီဇင်ဘာ ၁ ရက်နေ့က မြိတ်မြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။

တရားမ၀င် ထိုင်းငါးမိုင်းခွဲလှေမှာ ထိုင်းပဲ့နင်း ၁ ဦး၊ ဆလုံလူမျိုး ၃ ဦးနဲ့ မြန်မာလူမျိုး ၄ ဦး၊ စုစုပေါင်း ၈ ဦးပါရှိပါတယ်။

တနင်္သာရီရေတပ်မတော်က လိုက်လံဖမ်းဆီးတဲ့အခါ ၆ ဦးက ရေထဲကို ခုန်ချထွက်ပြေးသွားပြီး ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ စက်လှေပေါ်မှာ ငါးမိုင်းခွဲတဲ့အခါ အသုံးပြုတဲ့ စနက်တံတပ်ဆင်ထားပြီး အသင့်ခွဲနိုင်တဲ့ ယမ်းအိုး ၁၀ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ယမ်းအိုး ၁၀ လုံးဟာ အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့အတွက် တနင်္သာရီ ရေတပ်မတော်က ပင်လယ်ထဲကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ထိုင်းငါးမိုင်းခွဲလှေ၊ မိုင်းခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းနဲ့ မြန်မာ ၂ ဦးကို ဒီဇင်ဘာ ၁ ရက်နေ့က မြိတ်မြို့ကို ခေါ်ဆောင်လာပြီး အမှုဖွင့် အရေးယူနိုင်ရေး မြိတ်မြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ - ဇော်ဇော်(မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013