DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် ပယ်မဲနှင့် ပျောက်မဲ ၁ သန်းကျော်ရှိဟု ကော်မရှင်ထုတ်ပြန်
DVB
·
December 1, 2015
ရွေးကောက်ပွဲတွင် ပယ်မဲနှင့် ပျောက်မဲ ၁ သန်းကျော်ရှိဟု ကော်မရှင်ထုတ်ပြန်
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းကျော်ထဲက ၇၀ ရာခိုင်နှုန်းနီးပါး လာရောက်မဲပေးခဲ့ကြပြီး ပယ်မဲနဲ့ပျောက်မဲ အရေအတွက်က ၁ သန်းကျော်ရှိတယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းဇယားအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၃ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ ခု အပါအ၀င် ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၆၅၉ နယ်အတွက် နိုင်ငံတ၀န်း  ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းကျော်ရှိတဲ့အနက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် မဲပေးသူဦးရေ ၂၄ သန်းနီးပါးနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် မဲပေးသူ ၂၆ သန်းကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် လွှတ်တော် အသီးသီးအတွက် မဲလာပေးသူ ၆၉ ရာခိုင်နှုန်းကျော် ရှိတယ်လို့ နိုဝင်ဘာ ၃၀ ရက် ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မဲလာပေးကြတဲ့အထဲမှာ ပယ်မဲ ပျောက်မဲ အရေအတွက်ကတော့ ပြည်သူ့လွှတ်တော်မှာ မဲ ၁ သန်းခွဲခန့် (၆ ရာခိုင်နှုန်းကျော်)၊ အမျိုးသားလွှတ်တော်မှာ ၁ သန်း ၂ သိန်းကျော် (၅ ရာခိုင်နှုန်းကျော်) နဲ့ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်မှာ မဲ ၁ သန်း ၂ သိန်းခွဲကျော် (၃ ရာခိုင်နှုန်းကျော်) ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးမှု အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုတော့ ရွေးကောက်ပွဲ ပြီးစီးတဲ့နေ့ကစပြီး ရက်ပေါင်း ၄၅ ရက်အတွင်း  ထုတ်ပြန်သွားဖို့ ဆောင်ရွက်နေတယ်လို့လည်း ကော်မရှင်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013