DVB Logo
Home
မြန်မာသတင်း
ပြည်ပကြွေးမြီ ဒေါ်လာသန်း ၉၀၀၀ ကျော်ရှိနေဟု ဘဏ္ဍာရေးဝန်ကြီး ရှင်းလင်း
DVB
·
December 1, 2015
ပြည်ပကြွေးမြီ ဒေါ်လာသန်း ၉၀၀၀ ကျော်ရှိနေဟု ဘဏ္ဍာရေးဝန်ကြီး ရှင်းလင်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီဟာ ၂၀၁၅ ခုနှစ် ဇွန်လကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၉၀၀၀ ကျော်ရှိတယ်လို့  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ခြောက်လပတ် အခွန်ကောက်ခံရရှိမှု နှိုင်းယှဉ်ချက်နဲ့ ပြည်ပကြွေးမြီ ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဏ္ဍာရေးဝန်ကြီးက ရှင်းလင်းပြောကြားသွားတာပါ။

ပြည်ပနိုင်ငံတွေကနေ ၁၉၈၈ မတိုင်ခင်က ရယူခဲ့တဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၄၂၆၆ သန်း၊ ၁၉၈၈-၈၉ ကနေ ၂၀၁၀-၁၁ အထိ စာချုပ်ချုပ်ဆို ချေးယူခဲ့တဲ့ ချေးငွေက ဒေါ်လာ ၃၃၃၁ သန်းနဲ့ ၂၀၁၁-၁၂ ခုနှစ် နောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ ၁၅၀၂ သန်း ချေးယူခဲ့တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က "ပြည်ပချေးငွေနဲ့ ဆောင်ရွက်တဲ့ စီမံကိန်းတွေရဲ့ အကောင်အထည်ဖော်မှုအလိုက်၊ အချိန်ကာလအလိုက်၊ ချေးငွေများ ထပ်မံထုတ်ယူ သုံးစွဲတာတွေ၊ အရင်းပြန်လည်ပေးဆပ်တာတွေ၊ ငွေလဲလှယ်နှုန်းပမာဏ ပြောင်းလဲတာတွေကြောင့် ပြည်ပကြွေးမြီ စာရင်းဟာလည်း အချိန်နဲ့အမျှ ပမာဏ ပြောင်းလဲမှုရှိတယ်" လို့  ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတိုင်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပြည်ပချေးငွေ ရယူလုပ်ဆောင်ကြတဲ့အကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပချေးငွေတွေကို စိစစ်ရယူတာ၊ ကြွေးမြီစီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်တာတွေ လုပ်ဆောင်နေကြောင်းနဲ့ ပြည်ပချေးငွေ အများစုဟာ တလုံးတခဲတည်း ရတာမဟုတ်ဘဲ စည်းကမ်းသတ်မှတ်ချက်နဲ့အညီ လုပ်ငန်း အကောင်အထည်ဖော်မှုအပေါ် မူတည်ပြီး ချေးငွေထုတ်ယူရရှိ သုံးစွဲနေတယ်လို့လည်း ၀န်ကြီးက ပြောသွားပါတယ်။

အခုအခါ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေမူကြမ်းကိုလည်း ရေးဆွဲပြုစုပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013