DVB Logo
Home
မြန်မာသတင်း
ကြက်သွန်ဈေး တက်သော်လည်း စိုက်သည့်တောင်သူများ အကျိုးမခံစားရ
DVB
·
December 1, 2015
ကြက်သွန်ဈေး တက်သော်လည်း စိုက်သည့်တောင်သူများ အကျိုးမခံစားရ
Donate to DVB

အခုနှစ်မှာ ကြက်သွန်ဈေးတွေ အဆမတန် မြင့်တက်လာပေမယ့် ကြက်သွန်စိုက်တောင်သူတွေ အကျိုးအမြတ် မခံစားရဘူးလို့ မုံရွာမြို့အနီး အက်တောကျေးရွာက ကြက်သွန်စိုက် တောင်သူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ကြက်သွန်ဈေးတွေ ၁ပိဿာ ၄၀၀၀ ကျပ်ထိ ဈေးတက်လာခဲ့ပေမယ့် ကြက်သွန်စိုက် တောင်သူတွေကတော့ အရင်နှစ်တွေကထက် အကျိုးအမြတ် ပိုမရရှိခဲ့ဘူးလို့ ပြောပါတယ်။

တောင်သူတွေမှာ  ငွေကြေးအခက်အခဲကြောင့် ကြက်သွန်တွေကို ကြာရှည် မသိုလှောင်နိုင်ဘဲ ရတဲ့ဈေးနဲ့သာ ရောင်းချခဲ့ကြရပြီး ၁ပိဿာကို ၃၀၀၊ ၄၀၀ ၀န်းကျင်ရရုံနဲ့ ရောင်းချကြရတယ်လို့ ပြောပါတယ်။

ကြက်သွန်တဧကကို စိုက်ပျိုးစရိတ် ၈ သိန်းဝန်းကျင်လောက် ကုန်ကျပြီး အထွက်နှုန်းအားဖြင့် ပိဿာချိန် ၄၀၀၀ မှ ၅၀၀၀ ၀န်းကျင်လောက် ထွက်ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013