DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သားများ လခတိုးရေး ထိုင်းဖိနပ်စက်ရုံကို ဆန္ဒပြ
DVB
·
July 8, 2011
မြန်မာလုပ်သားများ လခတိုးရေး ထိုင်းဖိနပ်စက်ရုံကို ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံအနောက်ခြမ်း စံခရပူရီမြို့ ဖိနပ်စက်ရုံက မြန်မာနိုင်ငံသား အလုပ်သမား ရာပေါင်းများစွာက အနိမ့်ဆုံးနေ့တွက်လုပ်အားခ တိုးပေးဖို့ တောင်းဆိုတာ မရလို့ အလုပ်မဆင်းဘဲ ဆန္ဒပြနေပါတယ်။

[caption id="attachment_12491" align="alignleft" width="310" caption="စံခရပူရီမြို့ ဖိနပ်စက်ရုံက မြန်မာနိုင်ငံသား အလုပ်သမားများ"][/caption]

မွန်ပြည်နယ် ဘုရားသုံးဆူမြို့နဲ့ မျက်နှာချင်းဆိုင် စံခရပူရီခရိုင် စံခရဘူရီမြို့ BASALI ဖိနပ်စက်ရုံက မြန်မာအလုပ်သမားတွေက တနေ့လုပ်အားခ ဘတ် ၇၀ ကနေ ၁၀၀ အထိ ဘတ် ၃၀ တိုးပေးဖို့ တောင်းဆိုတာကို ကုမ္ပဏီဘက်က ညှိနှိုင်းရာမှာ ၁၀ ဘတ်ထိ တိုးပေးပေမယ့် မြန်မာအလုပ်သမားတွေက ဘတ် ၃၀ တိုးဖို့ မလျှော့တမ်းတောင်းဆိုပြီး အလုပ်မဆင်းဘဲ မြန်မာပြည်ဘက်ကို ပြန်နေကြတယ်လို့ ဒီဖိနပ်စက် ရုံလုပ်သားတဦးက ပြောပါတယ်။

“၇၀ ဆိုတော့ အရမ်းလည်း နည်းတယ်၊ ကျနော်တို့ အခန်းတခန်းကို ၁,၀၀၀။ မြန်မာဘက်ခြမ်းမှာ ကျနော်တို့ နေရတာပေါ့နော်။ ၁,၀၀၀- ၁,၂၀၀ လောက် ရှိတယ်။ ကျနော်တို့ တဝက်တဝက် ထုတ်ရင်ကို ၁,၂၀၀ ကျော် ၁,၃၀၀ လောက်ပဲ ရတယ်။ အိုတီကလည်း တနာရီမှ ၁၃ ကျပ် ၁၅ ကျပ်ရတော့ အလုပ်သမားအားလုံး ဆန္ဒသဘော တူညီစွာနဲ့ပဲ ကျနော်တို့က ဒီဥစ္စာ တောင်းဆိုမှ ရမယ်ဆိုပြီး တောင်းဆိုကြည့်တာပေါ့နော်။

“ကျနော်တို့လိုချင်တာ ဝင်ဝင်ချင်း  ကျနော်တို့ အလုပ်သမား အခြေခံလစာကို ၁၀၀ တောင်းတယ်။ ဒါပေမဲ့ သူတို့ဘက်က ၅ ကျပ် ၁၀ ပဲ ထပ်တိုးဖို့ရှိတော့ အားလုံးက ၃၀ မရရင်တော့ အားလုံးပြန်ကြမယ်ဆိုပြီး အဲဒီမှာ ဆန္ဒပြပြီးတော့ ပြန်လာကြပြီ မနေ့က ဖြစ်တာပေါ့နော်။”

ဒီနေ့မှာတော့ ဘုရားသုံးဆူဘက်က စစ်တပ်အရာရှိတဦးနဲ့ ဖိနပ်စက်ရုံဘက်က တာဝန်ရှိသူတွေ တွေ့ဆုံပြီး ၈၅ ဘတ်ထိ တိုးပေးဖို့ သဘောတူတာ ကြားသိနေရတယ်လို့လည်း အဲဒီအလုပ်သမားက ပြောပါတယ်။

စံခရပူရီမှာ ဖိနပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ စတဲ့စက်ရုံပေါင်း ၃၀ လောက်ရှိပြီး ထိုင်းအစိုးရက ချမှတ်ပေးတဲ့ အနိမ့်ဆုံးလုပ်အားခ မပေးသလို တနေ့ကို ၈ နာရီထက် ကျော်ပြီး ခိုင်းစေနေတယ်လို့လည်း အဲဒီအလုပ်သမားက ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်သား တဦးရဲ့ တရက်လုပ်အားခဟာ အနည်းဆုံး ဘတ် ၁၅၀ ရှိပါတယ်။ ခုလို အလုပ်သမားတွေကို တန်ရာတန်ကြေး မပေးတာဟာ အလုပ်သမားအခွင့်အရေး ကာကွယ်ပေးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ မရှိလို့ပဲလို့ အလုပ်သမားက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013