DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း မိုးလေဝသ ခန့်မှန်းချက်
DVB
·
November 30, 2015
တပတ်အတွင်း မိုးလေဝသ ခန့်မှန်းချက်
Donate to DVB

လာမယ့် ရက်သတ္တပတ် နိုဝင်ဘာ ၃၀ ရက်နေ့မှ ၆ ရက်နေ့အတွင်း မြန်မာနိုင်ငံမှာ နေရာဒေသလိုက်လို့ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတွေဟာ မိုးအများဆုံး ရွာသွန်းနိုင်တဲ့ ဒေသတွေအဖြစ် တွေ့ရပါတယ်။

ကျန်ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်တွေမှာလည်း လာမယ့်တပတ်အတွင်း မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ အရပ်ခေါ် အခါလွန်မိုးဖြစ်ပါတယ်။

သတိပေးစရာ အနေနဲ့ လာမယ့် ဆောင်းနဲ့နွေ ခြောက်သွေ့တဲ့ကာလတွေမှာ စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးမှု အန္တရာယ်ကိုတော့ ကြိုတင် သတိထားပြင်ဆင်ဖို့ လိုမယ်လို့ ဒေါက်တာထွန်းလွင်က အထူးတင်ပြထားပါတယ်။

လာမယ့်နွေရာသီဟာ အယ်လ်နီညို အပူလှိုင်းကြောင့် အပူရှိန်ပြင်းထန်မှုဒဏ်ကိုတော့ အထူးသတိပြုဖို့တော့ လိုမယ်လို့လည်း ခန့်မှန်းထားပါတယ်။

အေးမိစံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013