DVB Logo
Home
မြန်မာသတင်း
ဗေဒါအင်စတီကျု ရန်ပုံငွေပြတ်
DVB
·
July 8, 2011
ဗေဒါအင်စတီကျု ရန်ပုံငွေပြတ်
Donate to DVB

ရန်ကုန်မြို့မှာ အခမဲ့ပညာသင်ကြားပေးနေတဲ့ ဗေဒါအင်တစီကျူ အခမဲ့ပညာသင်ကျောင်း ဟာ  ရန်ပုံငွေအခက်အခဲကြောင့် ဒီလလယ်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတဲ့ သင်တန်းအ တွက် အခက်အခဲဖြစ်နေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကျောင်းဟာ အပတ်စဉ် ၁ ကနေ ၆ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သမိုင်း၊ နိုင်ငံရေးသိပ္ပံ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတာပါ။

ကျောင်းတာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းကို ကိုအေးနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဗေဒါအင်စတီကျုက ဘယ်လို အခက်အခဲ ကြုံတွေ့နေရလဲ။

“ဗေဒါအင်စတီကျု ရပ်တည်တဲ့ အခြေအနေရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူငယ်တွေမှာ ရှေ့ဆက်ပြီး မြန်မာနိုင်ငံရဲ့ တကယ့်ကို အကျိုးပြုတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်လာဖို့အတွက် ကျနော်တို့က မွေးထုတ်ချင်ပါတယ်။ ပညာရေးကို အခြေခံပြီးတော့ သင်ကြားပေးလိုက်မယ် ဒီအပေါ်ကနေ ကလေးတွေက အနာဂတ် မြန်မာနိုင်ငံတော်အ တွက် ဦးဆောင်နိုင်တဲ့လူတွေ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းကို ဖွင့်ခဲ့တာပါ။ ဒါပေမဲ့ တကယ်လက်တွေ့ ကျနော်တို့ ဆောင်ရွက်ရတဲ့ အခြေအနေမှာ ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဥပမာ နေရာဒေသအတွက် ကျောင်းကို မကြာ မကြာ ပြောင်းနေရတဲ့ အခြေအနေတွေ။

“ဒီမှာက ကလေးတွေက နယ်ကနေ လာတက်ကြတဲ့အချိန်မှာ ဒီမှာ စားဝတ်နေရေး ကိစ္စတွေကို အကူအညီပေးရတဲ့ အခြေအနေတွေကို ကျနော်တို့ ဒီမှာ ပါဝင်ဆောင်ရွက် နေတဲ့ အဖွဲ့ဝင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ပဲ ရပ်တည်ရတဲ့အချိန်မှာ ကျနော်တို့မှာ အခက် အခဲ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒီ ဗေဒါအင်စတီကျုမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ ရန်ပုံငွေ တောင့်တင်းခိုင်မာမှုရှိဖို့အတွက် လိုအပ်တယ်ဆိုတဲ့ အမြင်နဲ့ ဒီငွေကြေးအခက်အခဲ ရှိမှုကို ကျနော်တို့က တင်ပြထားတာပါ။”

ငွေကြေးအပြင် တရားဝင်ပုံစံမျိုး စာထုတ်ပြီး တောင်းဆိုတော့ လက်ရှိအစိုးရက ချမှတ် ထားတဲ့၊ မြန်မာပြည်မှာကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရော ကိုက်ညီမှုရှိပါရဲ့လား။

“ကျနော်တို့က ကမ္ဘာတခုလုံးကို ချပြထားတယ်ဆိုတဲ့ အခြေအနေက ကျနော်တို့ရဲ့ အခက်အခဲကို ပြောထားတာပါ။ ကျနော်တို့က ပြင်ပကနေ အကူအညီကို တောင်းခံ နေတဲ့သဘောမျိုး မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အခပ်အခဲတွေကို ကူညီနိုင်တဲ့ ကျနော်တို့တိုင်းပြည်မှာ တည်ဆောက်နေရတဲ့ လူငယ်နိုင်ငံရေး မျိုးဆက်သစ်တွေရဲ့ ကြိုးပမ်းနေတဲ့ ဗေဒအင်စတီကျု ဆက်လက်ရှင်သန်ရေး အတွက်ကို ကူညီပံ့ပိုးပေးချင်တဲ့ လူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ကျနော်တို့ရဲ့ ဘဏ္ဍာရေးအခက် အခဲကို တင်ပြထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ပြည်ပမှာပဲ ဖြစ်ဖြစ် ကျနော်တို့ ဒီမှာ ဆောင်ရွက်နေတဲ့ အခက်အခဲကို သိစေဖို့ပဲ ဖြစ်ပါတယ်။”

အဲဒီတော့ လူမှုရေးလုပ်ငန်းမှာ အောင်မြင်ကျော်ကြားနေတဲ့ ကိုကျော်သူတို့မျိုး ပြည်ပကနေပြီးတော့ ကူညီတဲ့ငွေတွေဆိုရင်တော့ ဥပဒေနဲ့မငြိဘူးပေါ့နော်၊ အဲဒီပုံစံ မျိုး ကူညီလို့ရတယ်ပေါ့နော်။

“ဟုတ်ပါတယ်။”

အဲဒီတော့ ကူညီချင်တဲ့လူတွေ သိအောင် အကြမ်းဖျင်းအားဖြင့် ငွေပမာဏ ဘယ်လောက် လိုအပ်လဲ။

“လက်ရှိအခြေအနေမှာ ဒီလာမယ့် ၁၈ ရက်နေ့ ဝန်းကျင်လောက်မှာ ကျနော်တို့ ဒီသင်တန်း ပြန်လည်ဖွင်လှစ်ဖို့ ပြင်ဆင်ထားပါတယ်။ အခုကတော့ သင်တန်း အပတ်စဉ်တွေ ပြီးပြီးသွားတဲ့အတွက် နောက်ထပ် သင်ကြားမှုတွေအတွက် ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကလေးတွေရဲ့ ဒီ ပညာရေးသင်ကြား မှုအတွက် ထောက်ပံ့နိုင်တယ်။ စာအုပ်စာတမ်းတွေ၊ စားဝတ်နေရေးအတွက် လာရောက်သင်ကြားတဲ့ ကလေးတွေ စားရေးသောက်ရေးကိစ္စရပ်တွေအတွက် ကုန်ကျနိုင်တဲ့ ငွေကြေးပမာဏတွေ ရှိပါတယ်။ ဒီအခြေအနေတွေအပေါ်မှာ ကျနော်တို့နဲ့ ဘဝတူအားလုံးကနေပြီး ဒီအခြေအနေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးပါလို့ ကျနော်တို့က မေတ္တာရပ်ခံထားတာပါ။ ဒီအပေါ်မှာ ငွေကြေးပမာဏ ဘယ်လောက် ထည့်ဝင်ရမယ်၊ ဘယ်လိုပုံစံမျိုး ပါဝင်ပေးကြမယ်ဆိုတဲ့ သဘောမျိုးတော့ ကျနော်တို့ ကန့်သတ်ထားတာမျိုး မရှိပါဘူး။”

ဗေဒါအင်စတီကျုမှာ ဆရာဆရာမတွေဆိုရင်လည်း အခကြေးငွေ မရဘူး။ လမ်းစ ရိတ်တောင်မှ ကိုယ့်ဟာကိုယ် လာရတာဆိုတော့ ဒီလိုလုပ်ငန်းက စေတနာ မွန်မြတ်တယ်ဆိုပေမယ့် ရေရှည်မှာ ဖြစ်နိုင်ပါ့မလား။ ကျောင်းဆရာတွေ အတွက် ကော စဉ်းစားပေးတာ ရှိလား။

“ကျနော်တို့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဆိုလို့ရှိရင် လာသင်ကြားပေးတဲ့ ဆရာဆရာမတွေကို ပံ့ပိုးကူညီနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ ရေရှည်တည်တန့်နိုင်ရေးအတွက် စဉ်းစားသွားမှာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013