DVB Logo
Home
မြန်မာသတင်း
မြန်မာဇနီးမောင်နှံထံမှ လုယက်မှုကျူးလွန်သူ ထိုင်း ၃ ဦးကို အမှုဖြစ်စဉ် ပြန်သရုပ်ပြခိုင်း
DVB
·
November 29, 2015
မြန်မာဇနီးမောင်နှံထံမှ လုယက်မှုကျူးလွန်သူ ထိုင်း ၃ ဦးကို အမှုဖြစ်စဉ် ပြန်သရုပ်ပြခိုင်း
1 / 4
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအမျိုးသားကို ရိုက်နှက်လုယက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးအား ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ဦးကို ထိုင်း အာဏာပိုင်တွေက အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်း ပြန်လည် သရုပ်ပြခိုင်းခဲ့ပါတယ်။

မြန်မာနိုင်ငံသား မအိအိမိုးနဲ့ကိုသိန်းစိုးတို့ လင်မယားဟာ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းက မဲဆောက်ကနေ ဘန်ကောက်ကို တက်ရောက်လာပြီးနောက် တက္ကစီငှားစီးခဲ့စဉ် ရိုက်နှက်လုယက် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာပါ။

ကားသမားဟာ ပထုံဌာနီခရိုင်အတွင်းက လမ်းခုလပ်တနေအရောက်မှာ အမျိုးသား ၂ ဦးကို ထပ်တင်ပြီးနောက် ကိုသိန်းစိုးကို ၀ိုင်းဝန်းရိုက်နှက် ပစ္စည်းတွေယူကာ အမှိုက်ပုံမှာ ပစ်ချခဲ့ပြီး အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်းတွေက ရိုက်နှက်လုယက်ခဲ့သူ  ၃ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မအိအိမိုးကို တက္ကစီသမားတွေက ပထုံဌာနီခရိုင်းအတွင်းက တိုက်ခန်းတခုထဲ ခေါ်သွားပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်တွေရဲ့ အကူညီကြောင့် ပြန်လည်ပြန်လွတ်မြောက်လာခဲ့တာပါ။

နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ အသက် ၃၇ နှစ်အရွယ် နိုင်ချာလီ နိုခေါင် နဲ့ အသက် ၃၀ အရွယ် နိုင်ဆလာဝပ်တို့ဟာ ဖက်ချဘွန်း (phetchabun) ခရိုင်မှာ ဖမ်းမိခဲ့ပြီး အသက် ၃၇ နှစ်အရွယ် နိုင်အာနွန်းကတော့ ပထုံဌာနီရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ညနေ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ ပထုံဌာနီခရိုင်မှာ သွားရောက်ပြီး ပြစ်မှုကျူးလွန်သူတွေကို သရုပ်ပြခိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

ကားသမားတွေကိုလည်း မုဒိန်းမှု၊ သေနတ်နဲ့ ခြိမ်းခြောက် ဓားပြတိုက်မှု စတဲ့အမှုတွေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထိုင်းရဲ အရာရှိတွေက ထိုင်းဒေးလီးနယူး သတင်းဌာနကို ပြောပါတယ်။

ဓာတ်ပုံ - ထိုင်းဒေးလီးနယူး

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013