DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ မြစ်ငယ်ရပ်ကွက်တွင် မီးလောင် (ရုပ်သံ)
DVB
·
November 29, 2015
မြိတ်မြို့ မြစ်ငယ်ရပ်ကွက်တွင် မီးလောင် (ရုပ်သံ)
Donate to DVB

မြိတ်မြို့နယ်၊ မြစ်ငယ်ရပ်ကွက်၊ ဗဟိုလမ်းမှာရှိတဲ့ ဦးကျောက်စိမ်း ပိုင်ဆိုင်တဲ့ Central Mall ဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်စဉ်မှာ မြစ်ငယ်ရပ်ကွက်၊ ဗဟိုလမ်းရှိ Central Mall နေအိမ်ဆိုင်ခန်း ၆ လွှာမှာ ပစ္စည်းသိုလှောင်ရုံ ဂိုဒေါင်အတွင်း ထွန်းညှိထားတဲ့ မီးချောင်းကွဲပြီး ခြေသုတ်ပုဝါပေါ် ကျရာကနေ မီးလောင်ကျွမ်းခဲ့တာလို့ ခရိုင်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပေးပါတယ်။

မီးလောင်ကျွမ်းမှုကို မြိတ်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃ စီး၊ ရေသည်ယာဉ် ၃ စီး၊ အရန်မီးသတ်စခန်းတွေက မီးသတ်ယာဉ် ၆ စီး၊ ရေသည်ယာဉ် ၃ စီးအပါအ၀င် မီးသတ်ဝန်ထမ်း အယောက် ၁၀၀ လောက် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ ၄ နာရီ ၂၁ မိနစ်မှာ မီးငြိမ်းနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ တန်ဖိုးကို မတွက်ချက်ရသေးဘူးလို့ သိရပါတယ်။

မီးလောင်မှု ဖြစ်စဉ်မှာ ဂိုထောင်တာဝန်ခံ ကိုအောင်မင်းကို မြိတ်မြို့မ ရဲစခန်းမှ ပုဒ်မ ( ၂၈၅) (ပ) နံပါတ် ( ၅၉၅/၂၀၁၅) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းရုပ်သံ - ကိုဘိတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013