DVB Logo
Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးအား လုယက်ခေါ်ဆောင်သူများကို ဖမ်းဝရမ်းထုတ်
DVB
·
November 29, 2015
ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးအား လုယက်ခေါ်ဆောင်သူများကို ဖမ်းဝရမ်းထုတ်
1 / 7
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦးကို လုယက်ခေါ်ဆောင်သွားတဲ့အမှုနဲ့ ပတ်သက်ပြီး တက္ကစီကားသမားတွေကို ပထုံဌာနီခရိုင် ဆာခွပ်ရဲစခန်းက  ဒီကနေ့  ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

အမျိုးသမီးကို  နိုဝင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီး ပထုံဌာနီမြို့နယ်က ရဲအရာရှိ ဆာရို ခုန်းဆတ်က တက္ကစီသမားတွေကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ အမ်ထိုင်းသတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့် ကားသမားတွေ ဘယ်သူတွေဖြစ်တယ် ဆိုတာနဲ့ အမျိုးသမီးကို ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ ပြောကြားခြင်း မရှိပါဘူး။

စီစီတီဗွီ ကင်မရာကို စစ်ဆေးကြည့်တော့ သူတို့က တက္ကစီ အစိမ်းနဲ့အ၀ါ နှစ်ရောင်စပ် ကားကို အသုံးပြုခဲ့ကြောင်း၊ ကားကို ငှားရမ်းအသုံးပြုခဲ့တာဖြစ်ပြီး ပိုင်ရှင်ကို ပြန်လည်အပ်လိုက်ပြီလို့ ရဲအရာရှိ ဆာရိုက ပြောပါတယ်။

တာဝန်ရှိသူတွေက ကားပိုင်ရှင်နဲ့ ကားကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ထိုင်းနိုင်ငံမှာ ကားငှားမယ်ဆိုရင် ထိုင်းနိုင်ငံသား တဦးအနေနဲ့ နိုင်ငံသား မှတ်ပုံတင် ကို မိတ္ထူပေးထားရသလို နိုင်ငံခြားသား ဖြစ်ပါက ပတ်စပို့ မိတ္တူ နဲ့ ပေးပြီး ငှားရပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းက ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး အသက် ၂၂ နှစ်ရွယ် မအိအိမိုးဟာ အသက် ၃၀ အရွယ် အမျိုးသားဖြစ်သူ ကိုသိန်းစိုးနဲ့အတူ မဲဆောက်ကနေ ဘန်ကောက်ကို တက်ရောက်လာပြီးနောက် တက္ကစီငှားစီးခဲ့စဉ် အခုလို ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။

ကားသမားဟာ ပထုံဌာနီခရိုင်အတွင်းက လမ်းခုလပ်တနေအရောက်မှာ အမျိုးသား ၂ ဦးကို ထပ်တင်ပြီးနောက်  ကိုသိန်းစိုးကို ၀ိုင်းဝန်းရိုက်နှက် ပစ္စည်းတွေယူကာ အမှိုက်ပုံမှာ ပစ်ချခဲ့ပြီး အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ထိုင်းရတ်သတင်းက ဖော်ပြထားပါတယ်။

ကားသမားတွေ လုယက်သွားတဲ့ ပစ္စည်းတွေကတော့ ဟန်ဖုန်း၊ ဘတ်ငွေ ၆၀၀ အလုပ်သမား ပတ်စပို့တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ - mthai

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013