DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း အကြမ်းဖက်မှု စုံစမ်းဖော်ထုတ်ရန် အစိုးရပျက်ကွက်နေဆဲဟုဆို
DVB
·
November 28, 2015
လက်ပံတောင်း အကြမ်းဖက်မှု စုံစမ်းဖော်ထုတ်ရန် အစိုးရပျက်ကွက်နေဆဲဟုဆို
Donate to DVB

လွန်ခဲ့တဲ့ သုံးနှစ်က လက်ပံတောင်းတောင် ကြေးနီးသတ္တုတွင်း တူးဖော်ရေး စီမံကိန်း နယ်မြေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အကြမ်းဖက်ခံရတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့  အစိုးရက ပျက်ကွက်နေဆဲပဲလို့  နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် စီမံကိန်းကို ကန့်ကွက် ဆန္ဒပြရာမှာ ဦးဆောင်ခဲ့ကြတဲ့ နော်အုန်းလှ၊ ဒေါ် မြတ်နုခိုင် အပါအ၀င် တက်ကြွလှုပ်ရှားသူတွေဟာ ဖမ်းဆီး တရားစွဲခံနေရတယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့က စီမံကိန်းကို ကန့်ကွက် ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပေါက်ကွဲ ဘေးသင့်စေတဲ့ အဖြူရောင် ဖော့စရက်ပါတဲ့ ဗုံးကို သုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် သံဃာနဲ့ ရွာသား ၁၅၀ လောက်အထိ မီးလောင်ဒဏ်ရာရခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရက ရဲအဖွဲ့ကိုရော၊ မြန်မာဝမ်ပေါင် ကုမ္ပဏီကိုရော စုံစမ်းစစ်ဆေးမှု မရှိခဲ့ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန် ထောက်ပြထားပါတယ်။

စီမံကိန်းနယ်မြေမှာ သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးမှု၊ အဓမ္မ ပြောင်းရွှေ့မှု၊ ဆန္ဒပြသမားတွေကို ရဲတွေက အကြမ်းဖက်မှုကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေကို အစိုးရက အခုအချိန်အထိ ကိုင်တွယ် ဖြေရှင်းပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခုအထိလည်း စီမံကိန်း နယ်မြေမှာ နေထိုင်သူတွေဟာ အဓမ္မပြောင်းရွှေ့ခံရမှာ စိုးရိမ်နေရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အစိုးရသစ်တက်လာတဲအ့ခါမှာ လက်ရှိ အစိုးရက ကျင့်သုံးနေတဲ့ လူ့အခွင့်အရေးထက် စီးပွားရေးအကျိုးအမြတ်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးတဲ့ မူဝါဒကို ပြင်ဆင်ပြီး၊ စီးပွားရေး ကုမ္ပဏီတွေက ဒေသခံ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ကျူးလွန်တာတွေ မရှိအောင် အစီအမံတွေ မရှိမဖြစ် လိုအပ်တယ်လို့လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013