DVB Logo
Home
မြန်မာသတင်း
အေအိုင်ဒီအက်စ် အဖြစ်များဆုံး နိုင်ငံများတွင် မြန်မာပါဝင်
DVB
·
November 28, 2015
အေအိုင်ဒီအက်စ် အဖြစ်များဆုံး နိုင်ငံများတွင် မြန်မာပါဝင်
Donate to DVB

ဒေသတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) အများဆုံးခံစားရတဲ့ နိုင်ငံများထဲ မြန်မာ ပါဝင်နေပြီး ရောဂါပိုးရှိနေတဲ့ ဆယ်ကျော်သက် ၇၇၀၀ လောက်ရှိတယ်လို့ ယူနီဆက်ဖ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၁ ရက် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါနေ့ မတိုင်မီ နိုဝင်ဘာ ၂၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ထုတ်ပြန်ချက်အရ အရှေ့အာရှ နိုင်ငံတွေမှာ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးနဲ့ အသက်ရှင်နေထိုင်နေရတဲ့ ဆယ်ကျော်သက် ၂၂၀၀၀၀ ခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် ဆယ်ကျော်သက်အရွယ် သေဆုံးမှု  ၃ ဆ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားအေအိုင်ဒီအက်စ်အစီအစဉ် ရန်ကုန်တိုင်း တာဝန်ခံဆရာဝန် ဒေါက်တာမျိုးသန့်ကတော့ မြန်မာပြည်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူပေါင်း ၂ သိန်းလောက်ရှိပြီး အများစုက အသက် ၂၀ နဲ့ ၃၅ ကြား လူငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

တခါ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူတွေ အများစုဟာ လိင်ဆက်ဆံရာကတဆင့် ကူးစက်ခံရတာ ပိုများတယ်လို့လည်း ဆိုပါတယ်။

ပိုးကူးစက်ခံထားရသူတွေကို သောက်သုံးဖို့ပေးတဲ့ အေအာတီ ဆေး လုံလောက်မှု ရှိပေမယ့် သွေးစစ်ဆေးမှု နည်းနေသေးတယ်လို့ ပြောပါတယ်။

ဒေါက်တာ မျိုးသန့်က “ကျနော်တို့ အေအာတီဆေးပေးနိုင်မှုက လုံလုံလောက်လောက်ရှိတယ်၊ သို့သော် သွေးစစ်ဆေးမှုအပိုင်းမှာ အပြည့်အ၀ မစစ်ကြဘူး၊တကမာလုံးမှာရော အရှေတောင်အာရှမှာရော အတူတူပဲ၊သွေးစစ်ဆေးခံယူတဲ့သူက ၅၁ရာခိုင်နှုန်းလောက်ပဲရှိတယ်၊၄၉ရာခိုင်နှုန်းက HIV ပိုး ရှိ မရှိ မစစ်ကြသေးဘူး” လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၁ရက် ကမာ့ခုခ့အားကျဆင်းမှုကူးစက်ရောဂါနေ့ ဆောင်ပုဒ်က ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကူးစက်သေဆုံး မရှိရေး၊ အေအာတီဆေးဖြင့် ကုသပေး ဖြစ်ပါတယ်။

အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံထားရသူတွေကို လိုက်လံနှစ်သိမ့်အားပေး ပညာပေးနေသူ ကိုယ်တိုင်လည်း ပိုးကူးစက်ခံထားရသူ Rainbow အမျိုးသမီးအဖွဲ့တည်ထောင်သူ မသန္တာလင်းကတော့ ပိုးကူးစက်ခံထားရသူတွေကို ခွဲခြားဆက်ဆံမှု ဆိုးဆိုးဝါးဝါး ရှိနေတုန်းပဲလို့ ပြောပါတယ်။

“ကျမတို့ ဒီဆေးရုံမှာ သွားရလာရခက်ခဲဝေးလန်လို့ နီးစပ်ရာဆေးရုံမှာ အေအာတီဆေး ထုတ်ပါရစေလို့ပြောရင် ကျန်းမာရေးဝန်ထမ်းတွေကအစ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံတာ ခံရတယ်။ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူတယောက်ကို ကူညီဖို့ အရမ်းကို ၀န်လေးကြတယ်၊ အလုပ်အကိုင်ရဖို့လည်း မလွယ်ကြဘူး၊ ဆိုးဆိုးဝါးဝါးကို ခွဲခြားဆက်ဆံခံနေရတုန်းပဲ၊ အခုခေတ်လိုပေါ့ ဒါတွေကို ပြောင်းလဲချိန်တန်ပြီလို့ ပြောချင်တယ်။”

၂၀၁၄ ခုနှစ်အကုန်ထိ ကမ္ဘာတ၀န်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူပေါင်း ၃၆ ဒသမ ၉သန်း ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013