DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရကို အစွမ်းကုန်ကူညီမည်ဟု ဂျပန်အစိုးရကတိပြု
DVB
·
November 27, 2015
အန်အယ်လ်ဒီအစိုးရကို အစွမ်းကုန်ကူညီမည်ဟု ဂျပန်အစိုးရကတိပြု
1 / 2
Donate to DVB

မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုတိုးတက်ဖွံ့ဖြိုးရေးအတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အစိုးရဖွဲ့စည်း ဆောင်ရွက်တဲ့အခါ ဂျပန်နိုင်ငံက အစွမ်းကုန်ပံ့ပိုးကူညီမယ်လို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဖူမီအိုခီရှိဒစံက ကတိပြုပြောကြားပါတယ်။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံရောက်ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းနဲ့ ဒီနေ့မနက် တွေ့ဆုံရာမှာ ပြောဆိုခဲ့ တာဖြစ်ပါတယ်။

အန်အယ်လ်ဒီအနေနဲ့ မြန်မာပြည်သူလူထုရဲ့ ယုံကြည်အားပေးထောက်ခံမှုကိုရရှိပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်းနဲ့ အန်အယ်လ်ဒီနဲ့ ဂျပန်နိုင်ငံအကြား ပိုမိုနီးကပ်စွာဆက်ဆံပြီး  ချစ်ကြည်ယုံကြည်မှု ပိုမိုအားကောင်းအောင်တည်ဆောက်ကြမယ့်အကြောင်း သူက ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်နိုင်ငံကို ထပ်မံလာရောက်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားပါတယ်။

ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ကြားတဲ့အပေါ် ၀မ်းမြောက်ဂုဏ်ယူကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်ပြည်သူတွေနဲ့ ဂျပန်အစိုးရရဲ့ ကူညီထောက်ပံ့ခဲ့တာတွေကို အထူးလေးစားတန်ဖိုးထားကြောင်း ပြန်လည်ပြောဆိုပါတယ်။

အန်အယ်လ်ဒီဟာ အစိုးရသစ်တရပ်အနေနဲ့ နိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင်တည်ဆောက်ရာမှာ စိမ်ခေါ်မှုတွေ အများကြီးရှိနေပြီး ဂျပန်နိုင်ငံရဲ့ အကူအညီအများကြီး လိုအပ်ကြောင်း၊ အန်အယ်လ်ဒီက အစိုးရတရပ်အနေနဲ့ ကိုင်တွယ်တဲ့အခါ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို ယုံကြည်စိတ်ချရဖို့အတွက် နည်းလမ်းကောင်းတွေ လေ့လာနေပါတယ်လို့ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။

ဦးဉာဏ်ဝင်းဟာ ခရီးစဉ်အတွင်း ဂျပန်အစိုးရပိုင်း တာဝန်ရှိသူတွေ၊  ဂျပန်နိုင်ငံစီးပွားရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

u nyan win1နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၃ ရက်နေ့ထိ ကြာမြင့်မယ့် ဦးဉာဏ်ဝင်းရဲ့ ဂျပန်နိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့ ဂျပန်အစိုးရက အကြိုထုတ်ပြန်ချက်မှာ  နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံရေး ခိုင်မာအားကောင်းမှုကနေ ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဆွေဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးကို ထပ်မံတိုးမြှင့်ဖို့ ရည်ရွယ်ဖိတ်ကြားတာဖြစ်တယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေကနေ မြန်မာနိုင်ငံက တိုးတက်မှုဆီ ချောချောမွေ့မွေ့ရောက်ရှိလိမ့်မယ်လို့  မျှော်လင့်ကြောင်းနဲ့ တည်ငြိမ်တဲ့အုပ်ချုပ်မှုအောက်မှာ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုအထွေထွေကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးအတွက် ဆက်လက်ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။  

ဂျပန်အစိုးရဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရတဲ့ မြန်မာစစ်အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံအထီးကျန်ပြီး တရုတ်အစိုးရနဲ့ ပိုမိုနီးကပ်မှာစိုးရိမ်ပြီး အနောက်နိုင်ငံတွေ ကျင့်သုံးခဲ့တဲ့ စီးပွားရေးပိတ်ဆို့ မှု မူဝါဒကို ရှောင်ရှားကျင့်သုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013