DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အကူအညီမပေးရန် ဂျပန်ကို တောင်းဆို
DVB
·
November 27, 2015
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အကူအညီမပေးရန် ဂျပန်ကို တောင်းဆို
Donate to DVB

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်း ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးမှာ ကူညီထောက်ပံ့မှုမလုပ်ဖို့ ပြည်နယ်နဲ့တိုင်း ၃ ခုက ဒေသခံတွေ နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိ ဂျပန်သံရုံးကို သွားရောက်  တောင်းဆိုခဲ့ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အံဒင်၊ ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်းနဲ့ တနင်္သာရီမြို့နယ် သာရဘွင်ဒေသက ဒေသခံတွေက ဒီကနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ   ဂျပန်သံရုံးမှာ ကန့်ကွက်လွှာသွားရောက်ပေးပို့ တောင်းဆိုလိုက်တာပါ။

ကျောက်မီးသွေးသုံး ဓာတ်ပေးစက်ရုံကို ကန့်ကွက်ရတာနဲ့ပတ်သက်ပြီး သာရဘွင်ရွာက ဒေသခံ စောနိုင်သန်းက “ကျောက်မီးသွေးစက်ရုံဟာ လာပြီးထိုင်ပြီဆိုရင် ရှိတဲ့နေရာကို ဦးယူမယ်။ ကျနော်တို့ရေကို အမြောက်အမြားသုံးမယ်။ ကျနော်တို့မှာ တနင်္သာရီမြစ်တခုကိုပဲ မှီခိုနေရတဲ့အတွက် အဲဒီရေက ပြဿနာတက်နိုင်တာပေါ့နော်။ နောက်ကျောက်မီးသွေးကနေ ထွက်တဲ့အခိုးအငွေ့တွေဟာ အပင်ပေါ်ကျရင် အပင်တွေက သေနိုင်တယ်။ သူ့ရဲအခိုးအငွေ့ကို ရှူမိရင် ရောဂါရစေနိုင်တယ်။ အဲဒီဆိုးကြိုးတွေကြောင့် ကျနော်တို့ လက်မခံခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

သာရဘွင်မှာဆိုရင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ နားလည်မှု စာချွန်လွှာ MOU ထိုးထားကြောင်း သိရပြီး ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ လုပ်ဆောင်တာလို့လည်း စောနိုင်သန်းက ပြောပါတယ်။

ဒါကြောင့် ဒေသခံတွေအနေနဲ့ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကို လက်မံကြောင်းနဲ့ ဂျပန်အနေနဲ့  ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ကန့်ကွက်လွှာတင်တာဖြစ်ပြီး သံရုံးတာဝန်ရှိသူတဦးကတော့ အဲဒီစာယူပြီး အထက်ကို တင်ပြပေးမယ်လို့ တုံ့ပြန်ခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခု နိုဝင်ဘာလက  သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံကို အလည်လာရောက်တဲ့ ဂျပန်နိုင်ငံ ကာနာဂါဝါ ပြည်နယ်အစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို နေပြည်တော်မှာ တွေ့ဆုံစဉ် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်တာအပါအ၀င် အခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013