DVB Logo
Home
မြန်မာသတင်း
ကထိန်ပွဲပြန် ရှမ်းအလုပ်သမားများ ယာဉ်တိုက်မှုဖြစ်၊ ၈ ဦး ဒဏ်ရာရ
DVB
·
November 27, 2015
ကထိန်ပွဲပြန် ရှမ်းအလုပ်သမားများ ယာဉ်တိုက်မှုဖြစ်၊ ၈ ဦး ဒဏ်ရာရ
1 / 13
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ  ကထိန်ပွဲ အလှူအတန်းလုပ်ပြီး ပြန်လာတဲ့ အလုပ်သမားတစု ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သူတို့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မနက်က ချင်းမိုင်နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ မယ့်တိုင်မြို့နယ် သီရဆထန် ဘုန်းကြီးကျောင်းမှာ အလှူသွားလုပ်ပြီး အပြန် ဆန်ဆိုင်းမြို့နယ် နောင်ဟန်ရပ်ကွက်အရောက် ယာဉ်တိုက်မှုဖြစ်ပြီး ဒဏ်ရာရခဲ့တာလို့  ထိခိုက်ဒဏ်ရာရသူတဦးဖြစ်တဲ့ ဒေါ်နန်းဆွေက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့က အစောကြီးထပြီး အလှူလုပ်တော့ ကားပေါ်မှာ အကုန်အိပ်ငိုက်လာကြတာ။ မနက် ၁၁ နာရီလောက်ထင်တယ်။ အဲဒီမှာ ဒုန်းဆိုတဲ့အသံတွေကြားရတယ်၊ ပြီးတော့ တစစီလွှင့်စင်ကုန်တယ်၊ ကျမနိုးလာတော့ မြေကြီးပေါ်မှာ ရောက်နေပြီ၊ ကျမက ခြေထောက်ကျိုးတယ်၊ ကျမယောကျာ်းက လက်ကျိုးတယ်၊ ကျမသားက ခြေသလုံးကွဲသွားတယ်၊  ကျမအငယ်ဆုံး သမီးလေးက ၆ လကျော်ပဲရှိသေးတယ်၊ သူက ခေါင်းကွဲသွားတယ်။”

ကားပေါ်မှာ ကားမောင်းသမားအပါအ၀င ၉ ဦး ပါလာကြပြီး အားလုံးဆေးရုံတက်ရကြောင်း၊ သူတို့မိသားစုကို  ချင်းမိုင်နခွန်းဖင်း ခေါ် ပါငဲ့ ဆေးရုံမှာ ထားရှိပြီး ကျန်လူနာတွေကိုတော့ ဆန်ဆိုင်းဆေးရုံမှာ ခွဲထားတယ်လို့ ဆိုပါတယ်။

ကားမတော်တဆဖြစ်ရတာနဲ့ ပတ်သက်ပြီး ကားမောင်းသမားဟာ အိပ်ငိုက်ပြီး လမ်းဘေးက ဓာတ်တိုင်ကို ၀င်တိုက်မိတယ်လို့ ဆိုပါတယ်။

သူတို့မိသားစုဟာ ရှမ်းပြည်နယ် မိုးနဲမြို့နယ်ကနေ ထိုင်းနိုင်ငံမှာ  နေ့စား ပန်းရန်အလုပ် လာလုပ်နေကြကြောင်း၊ အခုလို တမိသားစုလုံး ကျိုးပဲ့ဒဏ်ရာရတော့ ဆေးဖိုးဝါးခ၊ စားဝတ်နေရေးအတွက် အခက်အခဲရှိနေကြောင်း၊ အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ အကူအညီပေးလိုသူတွေအနေနဲ့ ဖုံးနံပတ် ၆၆ ၈၄၄ ၈၈၉၀၂၈ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဓာတ်ပုံ - Maejorescue Loveyou

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013