DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ ကန်ဒေါ်လာ သန်း ၆၀၀၀ တင်ရှိနေ
DVB
·
November 27, 2015
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ ကန်ဒေါ်လာ သန်း ၆၀၀၀ တင်ရှိနေ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ တင်ရှိနေတယ်လို့   ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

နိုင်ငံပိုင်မီဒီယာနဲ့တွေ့ဆုံမေးမြန်းရာမှာ ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက “ပြည်ပကြွေးမြီနဲ့ ပတ်သက်လို့ ၂၀၁၁ ခုနှစ် မတိုင်မီအထိ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိ တယ်။ နိုင်ငံတကာ မိသားစုစီးပွားရေး အသိုင်းအ၀ိုင်းထဲကို ၀င်လာတဲ့အခါမှာ ကြွေးမြီတွေကို အတိုးတွေလျော်ပစ်ဖို့၊ ကြွေးမြီအသစ် ပြန်လုပ်တာတွေလို အတိုးသက်သာဖို့ သက်ဆိုင်ရာ ပဲရစ်ကလပ်လို အဖွဲ့တွေနဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ကြပါတယ်၊ ၁၁ ဘီလီယံကနေ ၆ ဘီလီလောက် အထိ နည်းသွားခဲ့ပါတယ်” လို့  ဖြေကြားသွားပါတယ်။

ဘာကြောင့် ဒီကြွေးမြီတွေတင်ရှိနေတယ်ဆိုတာနဲ့ ဘယ်နိုင်ငံတွေမှာ အကြွေးတွေ ဘယ်လောက် တင်ရှိနေတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ၀န်ကြီးက ပြောကြားမသွားပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းကာလတွင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက် တွေနဲ့ပတ်သက်လို့  အစိုးရပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ ပဲရစ်ကလပ် အဖွဲ့ဝင် ၁၁ နိုင်ငံနဲ့  ကြွေးမြီရှင်းလင်းရာမှာ ကြွေးမြီ ပမာဏ အမေရိကန် ဒေါ်လာ ၅၉၅၅ သန်းကို ကြွေးလျှော်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပဲရစ်ကလပ်အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ ကြွေးမြီစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကို လျှော်ပေးခဲ့ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို ဂျပန်ကူးသန်းရောင်းဝယ်ရေးဘဏ် ၃ ဘဏ်ထံက ပေါင်းကူးချေးငွေရယူကာ ကြွေးဟောင်းမှ ကြွေးသစ်ပုံစံပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။

ကျန်ပဲရစ်ကလပ်အဖွဲ့ဝင် ၁၀ နိုင်ငံ အနက် နော်ဝေ၊ ဒိန်းမတ်နဲ့ ကနေဒါ နိုင်ငံ ၃ နိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီအားလုံးလျှော်ပေးခဲ့ပါတယ်။   ကျန် ၇ နိုင်ငံကတော့ ကြွေးမြီ တ၀က်ကို လျှော်ပေးကာ တ၀က်ကိုကြွေးသစ်ပုံစံပြောင်းပေးခဲ့လို့ မြန်မာနိုင်ငံရဲ့  ပြည်ပကြွေးမြီ စုစုပေါင်းရဲ့ ၅၈ ရာခိုင်နှုန်းကို ကြွေးကျှော်ပေးခဲ့ပြီးဖြစ်တယ်လို့ အစိုးရတရားဝင်ထုတ်ပြန်ချက်အရ သိရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013