DVB Logo
Home
မြန်မာသတင်း
ဒေါ်စုပုံကို ညစ်ညမ်းပုံလုပ် ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးခံရ
DVB
·
November 26, 2015
ဒေါ်စုပုံကို ညစ်ညမ်းပုံလုပ် ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးခံရ
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ညစ်ညမ်းပုံလုပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တဲ့ ကန်ကြီးဒေါင့်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီ တွဲဘက်အတွင်းရေးမှူးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၅ ရက်မှာ ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။

ဒေါ်စုပုံကို ညစ်ညမ်းအောင်လုပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တွဲဘက်အတွင်းရေးမှူး ဦးသန်းထွန်းကို ကန်ကြီးဒေါင့်မြို့နယ်၊ အန်အယ်လ်ဒီပါတီဝင် ဦးစည်သူအောင်က ရဲစခန်းမှာ အောက်တိုဘာ ၁၇ ရက်ကတည်းက ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ကန်ကြီးဒေါင့်ရဲစခန်းက ညစ်ညမ်းပုံတင်ခဲ့တဲ့ ဦးသန်းထွန်းကို အောက်တိုဘာ ၁၇ ရက်ကတည်းက ဖမ်းဆီးခဲ့ပေမယ့် ဆက်သွယ်ရေးဝန်ကြီးထံက ခွင့်ပြုချက်မရသေးတဲ့အတွက် အာမခံနဲ့ လွှတ်ပေးထားပြီး နိုဝင်ဘာ ၂၅ ရက်ကျမှ ခွင့်ပြုချက်ကျလို့ ဖမ်းဆီးချုပ်နှောင်ခဲ့တာလို့ အမှုဖွင့်ခဲ့တဲ့ ဦးစည်သူအောင်က ပြောပါတယ်။

“ဆက်သွယ်ရေး ၆၆ (က) မှာက ဘာသွားရှိလဲဆိုတော့ ဆက်သွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်လိုတယ်၊ ဆက်သွယ်ရေး ၆၆ (က) နဲ့ စွဲခွင့်ကို သူက ပေးရတယ်၊ ချောစန္ဒီထွန်းတို့ ခွန်ဂျာလီတို့ကျတော့ ခွင့်ပြုချက်က ကြိုပေးထားတာပေါ့၊ ဒီ ကြံ့ခိုင်ရေးပါတီကျတော့ အခု ရွေးကောက်ပွဲအလွန် ကာလကျမှ မှတ်ချက်ချပေးတာပေါ့။”

ဒေါ်စုညစ်ညမ်းပုံတင်ခဲ့တဲ့ ကန်ကြီးဒေါင့်ကြံ့ခိုင်ရေးပါတီဝင် ဦးသန်းထွန်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (က) နဲ့ အမှုဖွင့်အရေးယူထားပြီး နိုဝင်ဘာ ၂၅ ရက်နေ့က ပုသိမ်ထောင်ကို ပို့ဆောင်ချုပ်နှောင်ထားလိုက်ပါတယ်။

ဦးသန်းထွန်းဟာ Thu Thu အကောင့်နဲ့ ဖေ့စ်ဘွတ်သုံးပြီး၊ 2015 ပြိုင်ပွဲဝင်မယ့် Model Su လို့ ရေးသားပြီး ညစ်ညမ်းပုံတင်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၇ ရက်မှာ ကန်ကြီးဒေါင့် အန်အယ်လ်ဒီက ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီးတဲ့နောက်တော့ အဲ့ဒီနေ့ညမှာပဲ အကောင့်ကိုပါ ဖြုတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ ကာကွယ်ရေးဦးစီးချုပ်ကို အကြည်ညိုပျက်အောင် ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ မအူပင်က မချောစန္ဒီထွန်းနဲ့ ရန်ကုန်က ခွန်ဂျာလီတို့နှစ်ဦးလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (က) အပါအ၀င် ပုဒ်မတချို့နဲ့ ဖမ်းဆီးချုပ်နှောင် တရားရင်ဆိုင်နေကြရပြီး အခု ဒေါ်အောင်ဆန်းစုကြည်ပုံညစ်ညမ်းတင်သူကို ပထမဆုံး ဖမ်းဆီးချုပ်နှောင်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013