DVB Logo
Home
မြန်မာသတင်း
Green Luck ဆီဆိုင်ရှေ့တွင် ချိန်ကိုက်မိုင်း တွေ့ရှိ
DVB
·
November 26, 2015
Green Luck ဆီဆိုင်ရှေ့တွင် ချိန်ကိုက်မိုင်း တွေ့ရှိ
1 / 5
Donate to DVB

ကျောက်မဲမြို့၊ ရပ်ကွက် ၁၊ လားရှိုး-မန္တလေး ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၀၉ Green Luck ဆီဆိုင်ရှေ့မှာ နိုဝင်ဘာ ၂၅ ရက်နေ့ ည ၈ နာရီခွဲလောက်က မသင်္ကာဖွယ်ရာ ကတ်ထူပုံး ၁ ပုံးထဲမှာ ချိန်ကိုက်မိုင်းတလုံး တွေ့ရှိခဲ့ပါတယ်။

ဆီဆိုင်အရောင်းတာဝန်ခံ ဦးချစ်ထွေးနိုင်က မသင်္ကာဖွယ် ကတ်ထူပုံးတလုံး တွေ့ရှိကြောင်း သတင်းပို့တာကြောင့် ရဲတပ်ဖွဲ့နဲ့ BE တပ်ဖွဲ့တွေ သွားရောက်စစ်ဆေးခဲ့ရာ High Class ကတ်ထူပုံးအတွင်း အမြင့် ၅ လက်မရှိ PVC ၉ လက်မပိုက်အတွင်း TNT ၂၀၀ ဂရမ်၊ ယမ်းတုံး ၄ တုံးနဲ့ သံတိုသံစတွေကို ည ၁၀ နာရီ ပေါက်ကွဲဖို့ ချိန်ကိုက်ထားတဲ့ Digtal ချိန်ကိုက်နာရီ ၁ လုံး၊ ၉ ဗို့ဓာတ်ခဲ ၂ လုံး၊ ၂ ပေခွဲလောက် ယမ်းကြိုးခွေ ၁ ခွေတို့နဲ့ ပေါက်ကွဲဖို့ တပ်ဆင်ထားတာကို တွေ့ရှိခဲ့တယ်လို့ ကျောက်မဲမြို့မ ရဲစခန်းက မှုခင်းတာဝန်ခံ တပ်ကြပ်ကြီးစာရေး ဦးသန်းဝင်းက ပြောပါတယ်။

အဲဒီချိန်ကိုက်မိုင်းကို BE တပ်ဖွဲ့က ည ၉ နာရီ ၅၈ မိနစ်အချိန်မှာ Water Bottle စနစ်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ကိုမိုးသူ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013