DVB Logo
Home
မြန်မာသတင်း
အခွန်ကောက်ခံရရှိမှု ယမန်နှစ်နှင့်ယှဉ်လျှင် လျော့နည်း
DVB
·
November 26, 2015
အခွန်ကောက်ခံရရှိမှု ယမန်နှစ်နှင့်ယှဉ်လျှင် လျော့နည်း
Donate to DVB

မနှစ်က ပထမ ၆ လပတ်နဲ့ ယှဉ်မယ်ဆိုရင် ဒီနှစ်မှာ ပြည်ထောင်စုရဲ့ အခွန်ဝင်ငွေဟာ ကျပ်သန်းပေါင်း တသိန်းခုနစ်သောင်းကျော် လျော့နည်း ရရှိခဲ့ပါတယ်။

၂၀၁၅-၁၆ ခုနှစ် ပထမ ၆ လပတ် အခွန်ကောက်ခံရရှိတာနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၄ ရက် ပြည်ထောင်စုလွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လာရောက်ရှင်းလင်းခဲ့တာပါ။

၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမ ၆ လမှာ အခွန်ရရှိမှုက ကျပ်ဘီလျံ ၂၅၂၉ ဒသမ ၀၁ သန်းဖြစ်ပြီး ၂၀၁၅-၁၆ ပထမ ၆ လပတ်မှာတော့ ၂၃၅၇ ဒသမ ၈ ဘီလျံ ဖြစ်ပါတယ်။

"ဒီလို နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင် ပမာဏအနေနဲ့ ကွဲပြားခြားနားမှု ရှိပါတယ်။ ဒါပေမယ့် လျာထားချက်ထက် အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်းအနေနဲ့ တိုးတက်လာတဲ့ အနေအထား ရှိပါတယ်" လို့်  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

ကောက်ခံရရှိတာမှာ ၀င်ငွေနဲ့ ပိုင်ဆိုင်မှုအပေါ် ကောက်တဲ့အခွန်နဲ့ ၀င်ငွေခွန်ကတော့ အများဆုံးဖြစ်ပါတယ်။

ကုန်သွယ်လုပ်ငန်းခွန်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ယူတဲ့အပေါ် ကောက်ခံတဲ့ အခွန် စတာတွေကတော့ လျော့နည်းခဲ့တာပါ။

လျှပ်စစ်ဓာတ်အားထုတ်ယူတဲ့အတွက် ကောက်တဲ့အခွန်၊ သွင်းကုန်အတွက် ကောက်တဲ့လိုင်စင်ခ စတာတွေကတော့ လျာထားတာထက် တိုးလာခဲ့ပါတယ်။

ဒီလို အခွန်ငွေရရှိတဲ့ အခြေအနေအပေါ် လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013