DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးအမတ်တဦး ရွေးကောက်ပွဲအနိုင်ရလဒ် ပယ်ဖျက်ခံရ
DVB
·
November 25, 2015
ကြံ့ခိုင်ရေးအမတ်တဦး ရွေးကောက်ပွဲအနိုင်ရလဒ် ပယ်ဖျက်ခံရ
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာခံထားရတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးကို    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ပြီး အခြားတဦးနဲ့ အမည်စာရင်း ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) ရဲ့ အနိုင်ရ  လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းဆာလူ အစား တအာင်း(ပလောင်) အမျိုးသားပါတီက ဦးညီစိန်ကို  အမည်စာရင်း ပြင်ဆင်ပြောင်းလဲလိုက်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့  နိုဝင်ဘာ ၁၂ ရက်တုန်းက  ဦးစိုင်းဆာလူ  အနိုင်ရတယ်လို့ ကြေညာပေးခဲ့ပေမယ့် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆန္ဒမဲ အများဆုံးနဲ့ ရွေးကောက်တင်မြှောက်ခံရသူဟာ   တအာင်း(ပလောင်) အမျိုးသားပါတီက ဦးညီစိန် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာကြောင့်  ခုလို ပြင်ဆင်ပြောင်း ကြေညာလိုက်တာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ အာဏာရကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ မူလ အမျိုးသားလွှတ်တော် ၁၂ နေရာ အနိုင်ရထားရာက  ခု တနေရာထပ် လျော့သွားတဲ့အတွက် ၁၁ နေရာအနိုင်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013