DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီနှင့် ဆွေးနွေးပြီး နောက်အစိုးရသစ်ကို ဂျပန်အစိုးရ ကူညီမည်
DVB
·
November 25, 2015
ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီနှင့် ဆွေးနွေးပြီး နောက်အစိုးရသစ်ကို ဂျပန်အစိုးရ ကူညီမည်
1 / 4
Donate to DVB

နိုဝင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အများစုအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နဲ့ ဆွေးနွေးပြီး နောက်တက်မယ့် အစိုးရသစ်အတွက် ဂျပန်အစိုးရက အကူအညီပေးမယ်လို့ ပြောလိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျို ချီအိုဒါ (Chioda) မြို့ ဂျပန်လွှတ်တော်အမတ်များ အဆောက်အဦမှာ နိုဝင်ဘာ ၂၄ ရက် ညနေက မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ ဂျပန်အဖွဲ့ရဲ့ ကြားနာပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ ညွှန်ကြားရေးမှူး မီယာမိုတိုစံက ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

၂၀၁၅ ရွေးကောက်ပွဲကို သွားရောက်စောင့်ကြည့် လေ့လာခဲ့တဲ့အဖွဲ့မှာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသော လွှတ်တော်အမတ် သမဂ္ဂများအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အောက်လွှတ်တော်အမတ်နဲ့ နည်းပညာဝန်ကြီးဟောင်း နာကာဂါဝါ မာဆာဟာရူ (Nakagawa Masaharu)၊ အထက်လွှတ်တော်ဥက္ကဋ္ဌဟောင်း အီဒါ ဆတ်ဆူကီ (Eda Satsuki) တို့ ဦးဆောင်ပါဝင်ခဲ့ပြီး ရှေ့နေကြီးတွေ၊ ပါမောက္ခကြီးတွေနဲ့ ဂျပန်အန်ဂျီအိုအဖွဲ့တွေ ပါဝင်ခဲ့ကြပါတယ်။

ကြားနာပွဲမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ အတွေ့အကြုံတွေကို ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိတွေ အပါအ၀င် သွားရောက်လေ့လာခဲ့သူတွေက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အောက်လွှတ်တော်အမတ် နာကာဂါဝါ မာဆာဟာရူကတော့ အန်အယ်လ်ဒီအနေနဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရ၊ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ချောချောမောမော အစိုးရသစ်ဖွဲ့နိုင်စေရေး မျှော်လင့်ကြောင်း ပြောပါတယ်။

မြစ်ကြီးနားကို သွားရောက်လေ့လာခဲ့သူ  အထက်လွှတ်တော်အမတ်ဟောင်း နာအိုတို ဆာကာဂူချီ (Naoto Sakaguchi) က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအနေနဲ့ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်း အပါအ၀င် အခက်အခဲတချို့ ရင်ဆိုင်ရဖွယ်ရှိတယ်ဆိုပြီး သူ့ရဲ့ လေ့လာခဲ့မှုတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။

တက်ရောက်လာခဲ့တဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း ရွေးကောက်ပွဲအပြီး တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအကြောင်း ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013