DVB Logo
Home
မြန်မာသတင်း
ချောစန္ဒီထွန်း ရုံးထုတ် တရားသေလွှတ်ဖို့ လျှောက်ထားချက် ပယ်ချ
DVB
·
November 24, 2015
ချောစန္ဒီထွန်း ရုံးထုတ် တရားသေလွှတ်ဖို့ လျှောက်ထားချက် ပယ်ချ
Donate to DVB

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ် ပြောင်းတဲ့အပေါ် သရော်တဲ့သဘောမျိုး ရေးသားခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ မချောစန္ဒီထွန်းကို နိုဝင်ဘာ ၂၄ ရက် ဒီကနေ့ မအူပင်တရားရုံးမှာ ၅ ကြိမ်မြောက် ရုံးထုတ်ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အရ စွဲဆိုမှုအတွက် မှုခင်းတပ်ဖွဲ့က ကျွမ်းကျင်သူပညာရှင် ဒုတိယရဲမှူး ဦးအောင်ကျော်ဆန်းကို စစ်ဆေးခဲ့တယ်လို့ မချောစန္ဒီထွန်းရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၀ အရ စွဲဆိုသော ပြစ်မှုကြီးအမှတ် ၆၉၂/၀၁၅ အတွက် တရားရှင်လွှတ်ပေးရန် လျှောက်ထားချက်ကို ပလပ်ကြောင်း အမိန့်ချခဲ့တယ်လို့ ပြောပါတယ်။

“ပုဒ်မ ၅၀၀ အရ သီးခြားစွဲတဲ့ အမှုနဲ့ ပတ်သက်လို့ ကာချုပ်ကိုယ်စား စွဲတယ်ဆိုတော့ အဲလို ကိုယ်စားစွဲလို့ မရပါဘူး။ အဲဒါကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃၊ ပုဒ်မခွဲ ၂ နဲ့ တရားရှင်လွှတ်ပေးပါ။ ကျန်သက်သေတွေ မစစ်ပါနဲ့ဆိုတော့လည်း မရဘူး ပယ်တာပဲ။ စွပ်စွဲခံရသူတွေဘက်က ဘာပဲတင်တင် ပယ်တာပဲ။”

လက်ရှိ တရားစီရင်ရေးစနစ်ဟာ အရင် နဖအစစ်အစိုးရ လက်ထဲကအတိုင်းပဲ ပြောင်းလဲမှု မရှိသေးဘူးလို့လည်း ဦးရောဘတ်ဆန်းအောင်က ဝေဖန်ပါတယ်။

“မူလအတိုင်းပဲ တရားစီရင်ရေး အဆောက်အဦက၊ အဲတော့ အစိုးရသစ် လက်ထက်ကျမှ ပြောင်းလဲဖို့ လုပ်ရမှာပဲ။”

မချောစန္ဒီထွန်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ထဘီအရောင်နဲ့ နှိုင်းယှဉ် သရော်ခဲ့လို့ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013