DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားစိစစ်ရေးကိစ္စ ၀န်ကြီးဌာန ဖြေကြားချက် မရှင်းလင်းဟုဆို
DVB
·
November 24, 2015
နိုင်ငံသားစိစစ်ရေးကိစ္စ ၀န်ကြီးဌာန ဖြေကြားချက် မရှင်းလင်းဟုဆို
Donate to DVB

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်နေမှုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးက ရေရေရာရာ မရှင်းသွားဘူးလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားစိစစ်နေရာမှာ ဖျက်သိမ်းပြီးဖြစ်တဲ့ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မအချို့ကို အဓိက ဇောင်းပေးပြီး စိစစ်နေတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက လွှတ်တော်ဥက္ကဋ္ဌထံ စာနဲ့ တင်ပြခဲ့ပါတယ်။

သူ့စာနဲ့အတူ ဒေသခံပြည်သူ ၁၀၀၀ ကျော် လက်မှတ်ထိုး တင်ပြတိုင်တန်းထားတဲ့ စာတွေကိုပါ ပူးတွဲ တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဒု-၀န်ကြီး ဦးဝင်းမြင့်က ဒီနေ့ လွှတ်တော်မှာ လာရောက်ရှင်းလင်း ပြောဆိုတဲ့နေရာမှာ မရှင်းဘူးလို့ ဦးဖေသန်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“‘ဒု-၀န်ကြီး လာရှင်းတဲ့အခါမှာ ၄၈ ခု နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မသုံးပါဘူးလို့ ပြတ်ပြတ်သားသားလေး ဖြေပေးရင် ကောင်းပါတယ်။ အခုက သူက ပြည်သူတွေက နားလည်မှုလွဲနေလို့၊ ဥပဒေကို နှံ့နှံ့စပ်စပ် မလေ့လာလို့ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောသွားတယ်ဗျ၊။”

လ၀ကဒု-၀န်ကြီး ဖြေဆိုမှုအပေါ် ရခိုင်အမတ်တွေဖြစ်တဲ့ ဦးဖေသန်းနဲ့ ဦးဘရှင်၊ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်တို့က ပြန်လှန်မေးခွန်းထုတ်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် လွှတ်တော်ဒု-ဥက္ကဋ္ဌက ခွင့်မပြုခဲ့ပါဘူး။

လက်ရှိ တည်ဆဲဖြစ်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ ရခိုင်အမတ်တွေက လိုလားတောင်းဆိုနေကြတာပါ။

ဖျက်သိမ်းထားပြီးဖြစ်တဲ့ ၁၉၄၈ ခု မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေပုဒ်မ ၄ အပိုဒ်ခွဲ (၂) မှာ အဖိုးအဖွား လက်ထက်ကတည်းက မြန်မာပြည်မှာ နေထိုင်လာခဲ့ရင် နိုင်ငံသားဖြစ်တယ်လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ လ၀ကဌာနက ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေး ရှေ့ပြေးစမ်းသပ် လုပ်ဆောင်ခဲ့ပြီး ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013