DVB Logo
Home
မြန်မာသတင်း
စစ်ပွဲများရပ်ရန် မန္တလေးမြို့တွင် ဆန္ဒပြ
DVB
·
November 24, 2015
စစ်ပွဲများရပ်ရန် မန္တလေးမြို့တွင် ဆန္ဒပြ
Donate to DVB

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ မန္တလေးမြို့မှာ လူပေါင်း ၁၀၀ ခန့် နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၄၀ လမ်းနဲ့ ၄၁ လမ်းကြားက မနော်ရမ္မံကွင်းမှာ မန္တလေးမြို့ခံ ရှမ်းတိုင်းရင်းသားတွေက စစ်ပွဲတွေရပ်ပေးဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်ဦးလွင်ကနေ လာရောက်ဆန္ဒဖော်ထုတ်တဲ့ ကိုင်စိုင်းက  “ကျနော်တို့ တောင်းဆိုရတဲ့ အကြောင်းအရင်းကတော့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ပါပဲ။ လာပြီးတော့ ဆန္ဒဖော်ထုတ်တဲ့ဟာလည်း အားလုံး စစ်ရပ်စဲဖို့ ရည်ရွယ်ချက်နဲ့ လာလုပ်တာပါ။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တာပေါ့နော်။”

နောက်ထပ် ဆန္ဒထုတ်ဖော်တဲ့ ဒေသခံတဦးဖြစ်သူ မဒွဲမိုင်က “လူသားတိုင်း ဒီစစ်ကို မုန်းကြတယ်။ စစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေ အများကြီးပဲ။ အဲဒါကြောင့် ဒီစစ်ကို ရပ်တန့်ပေးစေချင်လို့ ကျမ လာရောက်ပါဝင်ရတာပါ။” လို့ ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ၀မ်ဟိုင်းဌာနချုပ် အပါအ၀င် မိုင်းရှူး၊ ကျေးသီးနဲ့ မိုင်းနောင်မြို့နယ်တွေမှာ အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ အပါအ၀င် မြေပြင်ထိုးစစ်ဆင်မှုတွေ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းကတည်းက ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား ၁ လကျော်ကြာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးသီး၊ မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ် ၃ ခုက ပြည်သူပေါင်း ၁၀၀၀၀ ကျော် အိုးအိမ်နဲ့ ရိတ်သိမ်းဖို့ လိုအပ်နေတဲ့ ကောက်ပဲသီးနှံ ဧကပေါင်း ထောင်ချီကို စွန့်ခွာထွက်ပြေးနေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထိုးစစ်ဆင်ရာက တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၈ ရက်နေ့ကတော့ ရလခ တိုင်းစစ်ဌာနချုပ်က အပစ်ခတ်ရပ်ထားဖို့ ပြောခဲ့သလို မြန်မာငြိမ်းချမ်းရေးစင်တာကလည်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ နိုဝင်ဘာ ၂၀ ရက်နေ့က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးဖို့အတွက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလ အပါအ၀င် ကိုယ်စားလှယ် ၅ ဦးကတော့ နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013