DVB Logo
Home
မြန်မာသတင်း
ရန်​ကုန်​ လျှပ်​စစ်​ဓာတ်​အားကွန်​ရက် ​ချဲ့မည်
DVB
·
November 24, 2015
ရန်​ကုန်​ လျှပ်​စစ်​ဓာတ်​အားကွန်​ရက် ​ချဲ့မည်
Donate to DVB

ရန်​ကုန်​မြို့မှာ လျှပ်​စစ်​ဓာတ်​အား မပြတ်​​တောက်​ဘဲ လုံလုံ​လောက်​​လောက်​ရဖို့ ၂၃၀ ကီလိုဗို့အထိ တိုးမြှင့်​ပို့လွှတ်​နိုင်​​ရေးအတွက်​ အာရှဖွံ့ဖြိုး​ရေးဘဏ်​က အမေရိကန်​ဒေါ်လာ သန်း ၈၀ ​ချေးမယ်​လို့ ထုတ်​ပြန်​ပါတယ်​။

လက်​ရှိမှာ ၆၆ ကီလိုဗို့ ပို့လွှတ်​​နေတဲ့ သီတာ - သာ​ကေတ - ကျိုက္ကဆံ ဓာတ်​အားလိုင်းကို အဆင့်​မြှင့်​တင်​ပြီး ​တောင်​ဥက္ကလာပနဲ့ အ​နောက်​ပိုင်းတက္ကသိုလ်​မှာ ဓာတ်​အားခွဲရုံ ၂ ရုံ တည်​​ဆောက်​သွားမှာပါ။

ဒီစီမံကိန်းက အလုံ၊ သာ​ကေတ၊ ​တောင်​ဥက္ကလာ၊ ​လှော်​ကား၊ ​မြောင်းတကာ၊ အ​နောက်​ပိုင်းတက္ကသိုလ်​နဲ့ လှိုင်​သာယာတို့ကို လွှမ်းခြုံနိုင်​ပြီး ဓာတ်​အားသုံးစွဲသူ ၁ သန်း​လောက်​ကို အကျိုးဖြစ်​​စေမယ်​လို့ ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြထားပါတယ်​။

ဒီစီမံကိန်းအတွက်​ မြန်​မာအစိုးရကလည်း အ​မေရိကန်​​ဒေါ်လာ ၃ ဒသမ ၃ သန်း ထည့်​ဝင်​မှာဖြစ်​ပြီး ၂၀၁၉ ခုနှစ်​ ဇွန်​လမှာ ပြီးစီးမှာ ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013