DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာလထဲတွင် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
November 24, 2015
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာလထဲတွင် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
Donate to DVB

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလထဲမှာ တွေ့ဆုံသွားမယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာနဲ့ သီးသန့်အင်တာဗျူးမှာ  ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတခဲ့သလို သမ္မတကိုယ်တိုင်ကလည်း အာဏာလွှဲပေးဖို့ သဘောတူပြီးဖြစ်လို့ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲရလဒ်အပေါ် ၀င်ရောက်စွက်ဖက်စရာအကြောင်း မရှိဘူးလို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ကိစ္စ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ပေါ် မူတည်နေတဲ့ ပုဒ်မ ၄၃၆ ကိစ္စ အပါအ၀င် ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ် ဆွေးနွေးဖို့၊ အမြင်ချင်း ဖလှယ်ဖို့၊ မေးလာရင် ဖြေဖို့ အသင့်ရှိတယ်လို့လည်း ပြောပါတယ်။

အရင်က နိုင်ငံရေး အခြေအနေကြောင့် ဖြစ်ပျက်ခဲ့တာတွေအတွက် စစ်တပ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့၊ မပေးဖို့ ကိစ္စကို သူ့အနေနဲ့ စိုးရိမ်ပူပန်မှု မရှိဘူးလို့လည်း ပြောပါတယ်။

၅၉ (စ) ပြင်ဆင်ရေးကိစ္စဟာ လွှတ်တော်လုပ်ငန်းစဉ်အတိုင်း၊ ဥပဒေအတိုင်းပဲ ဖြစ်ရမယ်၊ ဒါပေမယ့် ၄၃၆ ပြင်ဆင်ရေးကတော့ ဒီမိုကရေစီ ရင့်ကျက်တဲ့အချိန်၊ တိုင်းပြည် တည်ငြိမ်တဲ့အချိန်အထိ စောင့်ရမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးတာကို ကြည့်မယ်ဆိုရင် လက်ရှိအစိုးရဟာ  ပြည်သူ့ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့တာ ထင်ဟပ်နေပြီး နောင်တက်လာမယ့် အစိုးရကတော့ ဒီလိုအပ်ချက်ကို အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကို သိရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ စတင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဦးရွှေမန်းက အရင်တပတ်က လက်ခံတွေ့ဆုံခဲ့သလို သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးတဲ့အချိန်မှာ တွေ့မယ်လို့ အကြောင်းပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013