DVB Logo
Home
မြန်မာသတင်း
ကမာရွတ်မြို့နယ်ရှိ Junction Square တွင် မီးလောင် (သတင်းဓာတ်ပုံ)
DVB
·
November 24, 2015
ကမာရွတ်မြို့နယ်ရှိ Junction Square တွင် မီးလောင် (သတင်းဓာတ်ပုံ)
1 / 16
Donate to DVB

ရန်ကုန် ပြည်လမ်းပေါ်က Junction Square မှာ နိုဝင်ဘာ ၂၃ ရက် ညဦးပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

ကမာရွတ်မြို့နယ်မှာရှိတဲ့ Junction Square ၃ လွှာမှာ ဖွင့်ထားတဲ့ ကြေးအိုးဆိုင်မျက်နှာကြက် မီးချောင်း ဝါယာကြိုးတွေ အပူလွန်ကဲပြီး မီးလောင်မှု စတင်ခဲ့တာလို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ည ၈ နာရီလောက်မှာ လောင်ကျွမ်းတဲ့မီးကို မီးသတ်ကား အစင်း ၃၀ ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရာ နာရီဝက်ခန့်အကြာမှာ မီးညွန့်ကျိုးသွားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု စာရင်းကိုတော့ မသိရသေးပါဘူး။

သတင်းဓာတ်ပုံ - အောင်သူ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013