DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေပြိုမှု သေဆုံးသူ ၁၀၈ ဦးအထိ ရှိလာ
DVB
·
November 23, 2015
ဖားကန့်မြေပြိုမှု သေဆုံးသူ ၁၀၈ ဦးအထိ ရှိလာ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေက စွန့်ပစ်ထားတဲ့ မြေစာပုံ ပြိုကျမှုအတွင်း နိုဝင်ဘာ ၂၃ ရက် ဒီနေ့မနက် ၉ နာရီအထိ သေဆုံးသူ ၁၀၈ ဦး ရှိနေပြီ ဖြစ်ပါတယ်။

မြေပြိုပြီး ပိနေသူတွေကို မနေ့ညနေ ၅ နာရီ ရှာဖွေရေးရပ်နားခဲ့ချိန်ထိ သေဆုံးသူ ၁၀၅ ဦးရှိခဲ့ပြီး ဒီကနေ့မနက် ထပ်မံရှာဖွေရာ မနက် ၉ နာရီလောက်တုန်းက ၃ ဦး ထပ်တွေ့တဲ့အတွက် သေဆုံးသူ ၁၀၈ ဦးရှိနေပြီလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်နီလာမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက်က အခုန ၉ နာရီခွဲအချိန် အဲဒီမှာ ရှာနေတဲ့အဖွဲ့က ဖုန်းဆက်လာတယ်။ ၃ လောင်းတော့ တွေ့ပြီတဲ့။ ဆိုတော့ ဒီနေ့နဲ့ မနေ့က ပေါင်းရင် ၁၀၈ ယောက်ဖြစ်ပြီ။ အခု ဆက်လက်ရှာဖွေနေတယ်။”

နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်က ဖားကန့်မြို့ကနေ ဆယ်မိုင်ခန့်အကွာ လုံးခင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာအကြား မြေစာပုံ ပြိုကျခဲ့တာဖြစ်ပြီး တဲအလုံး ၇၀ ကျော်လောက် ပါသွားပါတယ်။

ပျောက်ဆုံးနေသူတွေကိုတော့ သက်ဆိုင်ရာက ဆက်လက်ရှာဖွေဆဲ ဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုက ရွာသူရွာသားတွေဖြစ်ပြီး အများစုက ကောင်စံနဲ့ သောင်းကော့ကျေးရွာက ရွာသားတွေ ဖြစ်တယ်လို့လည်း ဒေါ်နီလာမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013