DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့ခဲ့သည့် ကလေးငယ်ကို နှိပ်စက်သူ ရဲစခန်းတွင် လာရောက်အစစ်ခံ
DVB
·
November 23, 2015
ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့ခဲ့သည့် ကလေးငယ်ကို နှိပ်စက်သူ ရဲစခန်းတွင် လာရောက်အစစ်ခံ
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့ခဲ့တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တခုမှာ ၈ နှစ်အရွယ် ကလေးငယ်ကို ရိုက်နှက် နှိပ်စက်ခဲ့တဲ့ ဓာတ်ပုံထဲက ဒေါ်သန်းနွဲ့ဟာ ကလေးငယ်နဲ့အတူ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ဗဟန်းမြို့နယ် ရဲစခန်းကို လာရောက် အစစ်ဆေးခံခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟန်းရဲစခန်းမှာ (ပ) ၄၆၅/၁၅ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဒေါ်သန်းနွဲ့ကို လောလောဆယ် အမှုဖွင့် အရေးယူထားတယ်လို့ ဗဟန်းမြို့နယ် ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကလေးငယ်ကိုတော့ မိခင်ဖြစ်သူနဲ့အတူ ရန်ကုန်ဆေးရုံကြီးကို ခေါ်ဆောင်သွားပြီး လက်မှာ ကျောက်ပတ်တီး စည်းထားသလို ညနေ ၃ နာရီလောက်ကစလို့ အရိုး၊ ရင်ခေါင်း၊ မျက်နှာ၊ မေးရိုးဌာနတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲဒီမှာ သတင်းယူနေတဲ့ ဒီဗီဘီ သတင်းထောက်က ပြောပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တခုရဲ့ ခြံဝင်းထဲမှာ ၈ နှစ်အရွယ် ကလေးတယောက်ကို နေပူထဲ အ၀တ်ချွတ် ကြိုးတုတ်ရိုက်နှက်နေပုံကို အိမ်နီးနားချင်းတွေက ရဲစခန်းကို တိုင်ကြားခဲ့ရာက နိုဝင်ဘာ ၁၉ ရက်နေ့ အဲဒီ့ဓာတ်ပုံတွေဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဗဟန်းရဲစခန်း တာဝန်ရှိသူတွေက အဲဒီအိမ်ကို သွားရောက်ခဲ့ရာမှာတော့ ကလေးငယ်ဟာ အိမ်ဖော်ဖြစ်သူ ဒေါ်သန်းနွဲ့ရဲ့ တူမဖြစ်ကြောင်း၊ တောင်ငူဘက်ကို ပြန်သွားကြကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီအိမ်ဟာ လက်ရှိ အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်နဲ့ ဒေါ်ယဉ်ယဉ်နွယ်တို့ရဲ့ နေအိမ်ဖြစ်ပါတယ်။

ဒီဗွီဘီက ရရှိထားတဲ့ နှစ်ဦးသဘောတူ စာချုပ်တခုအရ အဲဒီကလေးငယ်ဟာ အိမ်ဖော်ဖြစ်သူ ဒေါ်သန်းနွဲ့နဲ့ ဆွေမျိုးတော်စပ်ခြင်းမရှိကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013