DVB Logo
Home
မြန်မာသတင်း
ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၁၀၀ ခန့်ရှိပြီ (ရုပ်သံ)
DVB
·
November 22, 2015
ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၁၀၀ ခန့်ရှိပြီ (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေက စွန့်ပစ်ထားတဲ့ မြေစာပုံပြိုကျမှုအတွင်း ဒီကနေ့ ညနေ ၄ နာရီလောက်အထိ သေဆုံးသူ ၁၀၀ နီးပါးထိ ရှိနေပြီဖြစ်ပါတယ်။

မြေပြိုပြီးပိနေသူတွေကို ဒီကနေ့ ရှာဖွေရာမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းတွေ ထပ်မံရှာဖွေတွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူ ၉၇ ဦး ရှိသွားပြီလို့  ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု ဦးစီးမှူး ဒေါ်နီလာမြင့်က ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်က ဖားကန့်မြို့ကနေ ဆယ်မိုင်ခန့်အကွာ လုံးခင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာအကြား မြေစာပုံ ပြိုကျခဲ့တာဖြစ်ပြီး တဲအလုံး ၇၀ ကျော်  လောက်ပါသွားပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ သက်ဆိုင်ရာက ဆက်လက်ရှာဖွေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013