DVB Logo
Home
မြန်မာသတင်း
အသွင်ကူးပြောင်းရေး ဆက်လုပ်မည်ဟု သမ္မတက အာဆီယံကို ကတိပေး
DVB
·
November 22, 2015
အသွင်ကူးပြောင်းရေး ဆက်လုပ်မည်ဟု သမ္မတက အာဆီယံကို ကတိပေး
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အေးအေးချမ်းချမ်း အသွင်ကူးပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာသမ္မတဦသိန်းစိန်က ကတိပေးလိုက်ပါတယ်။

ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး မျက်နှာစုံညီအစည်းအဝေးမိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားသွားတာလို့ အစိုးရက ပြန်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။

သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၈ ရက်မှာ အထွေထွေရွေးကောက်ပွဲကို တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲရလဒ်တွေကိုလည်း ထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အေးအေးချမ်းချမ်း အသွင်ကူးပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့အကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်းနဲ့ ရေဘေးပြန်လည်ထူထောင်ရေး အကူအညီများ ပေးခဲ့ကြတဲ့ အာဆီယံမိတ်ဆွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဘန်ကောက်၊ ပဲရစ်နဲ့  မာလီနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို  ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနဲ့ အပြစ်မဲ့ ပြည်သူတွေ သေကျေခဲ့တဲ့အတွက်  ၀မ်းနည်းကြေကွဲကြောင်းလည်း  ထည့်သွင်း ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ  အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ တက်ရောက်ဖို့ မလေးရှားနိုင်ငံမြို့တော်မှာ ရောက်နေတာဖြစ်ပြီး   အမေရိကန် သမ္မတ အိုဘားမား၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အားဘေးတို့နဲ့လည်း တွေ့ဆုံကာ ရွေးကောက်ပွဲကိစ္စနဲ့ တည်ငြိမ်အေးချမ်းစွာ တာဝန်လွှဲပြောင်းမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013