DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၁ သောင်းကျော် ရှိလာမည်
DVB
·
November 21, 2015
ရန်ကုန်တွင် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၁ သောင်းကျော် ရှိလာမည်
Donate to DVB

အိမ်ရာလိုအပ်နေသူတွေအတွက် နှစ်ရှည်ချေးငွေနဲ့ တိုက်ခန်းတွေ ရောင်းချနိုင်ဖို့ စီစဉ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ အိမ်ရာ စီမံကိန်းတွေ အကောင်အထည်ဖော်နေပြီး ဒီက တိုက်ခန်းတွေကို နှစ်ရှည်ချေးငွေနဲ့ ရောင်းဖို့ ရည်ရွယ်ထားတာပါ။

“ဆောက်လုပ်ရေးဘဏ်နဲ့ချိတ်ပြီး ၀ယ်နိုင်မယ်။ ဘဏ်ချေးငွေက ရှစ်နှစ်အထိရမယ်။ ဒါပေမယ့် တိုက်ခန်း တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း၊ သိန်း ၄၀ လောက်ကို လက်ငင်းသွင်းရမှာ ဆိုတော့ တကယ်တမ်း မ၀ယ်နိုင်ကြတာကို တွေ့ရတယ်” လို့ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။

တိုက်ခန်းတခန်းရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၁၂၀ ၀န်းကျင်ရှိတာပါ။

လက်ရှိမှာတော့ ရန်ကုန်မှာ အိမ်ရာစီမံကိန်း ၃၀ လောက်ကနေ တန်ဖိုးနည်း တိုက်ခန်း တစ်သောင်းကျော်၊ တန်ဖိုးမြင့်နဲ့ တန်ဖိုးသင့် တိုက်ခန်း ကိုးထောင်ကျော် ရလာဖို့ ရှိပါတယ်။

ဒါပေမယ့် ပြည်သူတွေ ၀ယ်နိုင်ဖို့ ခက်ခဲနေသေးတာကြောင့် အငှားအိမ်ရာတွေ ဖြစ်လာတာပါလို့ ၀န်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီတော့ အငှားအိမ်ရာအဖြစ်ပြောင်းလဲဖို့စီစဉ်တယ်။ ခုတော့ ဘယ်သူတွေကို ငှားမလဲ၊ ဘယ်လောက်နဲ့ ငှားမလဲ၊ ဘယ်နှနှစ်ငှားမလဲဆိုတာကို သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ၀န်ကြီးကို တင်ပြဆောင်ရွက်ဆဲ ဖြစ်ပါတယ်” လို့လည်း ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။

တိုက်ခန်းတစ်ခန်းကို ၅ သောင်းကျပ်ဝန်းကျင်နဲ့ ငှားရမ်းမှာ ဖြစ်ပြီး နိုင်ငံတကာမှာလို ၅ နှစ် လောက် ငှားရမ်းတာမျိုး ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ အငှားအိမ်ရာတွေ တည်ဆောက်ဖို့အတွက် ၂၀၁၅-၁၆ ခုနှစ် ပြည်ထောင်စု ဘတ်ဂျက်ကနေ ကျပ်သန်းပေါင်း လေးသောင်းခြောက်ထောင် ချပေးထားတယ်လို့လည်း ဦးမင်းအောင်အေးက ပြောပါတယ်။

ရန်ကုန်မှာတော့ ပြောင်းရွှေ့လူဦးရေကြောင့် တစ်နှစ်ကို တိုက်ခန်းလိုအပ်ချက် သုံးသောင်းလောက်ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013