DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အစိုးရအုပ်ချုပ်ရေးအပိုင်း တာဝန်ယူမည်ဟုဆို
DVB
·
November 21, 2015
ဒေါ်အောင်ဆန်းစုကြည် အစိုးရအုပ်ချုပ်ရေးအပိုင်း တာဝန်ယူမည်ဟုဆို
Donate to DVB

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ လွှတ်တော်သစ်မှာ အကြီးအကဲ ရာထူးကို ယူမှာမဟုတ်ဘဲ အစိုးရ အုပ်ချုပ်ရေးအပိုင်းမှာပဲ တာဝန်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရအဖွဲ့မှာ ပါဝင်ရင် လွှတ်တော်အမတ် ရာထူးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

၂၀၀၈  ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ခွင့် မရှိပါဘူး။ ဒါပေမ့ယ် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးကိုပဲ မျှော်မှန်းထားတယ်လို့လည်း ပြောပါတယ်။

အစိုးရတခုဖွဲ့ပြီးရင် တပ်မတော်နဲ့တွဲပြီး အလုပ်လုပ်သွားမယ်လို့လည်း ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တချိန်မှာ ပြောင်းလဲရမှာ မှန်ပေမ့ယ် လာမယ့် ၂ လအတွင်း ဖြစ်ဖို့အထိ မျှော်လင့်ချက်မထားဘူးလို့လည်း ဆိုပါတယ်။

၁၉၉၀ ရလဒ်ကို စစ်တပ်က အသိအမှတ်မပြုဘဲ အာဏာသိမ်းခဲ့တာမျိုး စိုးရိမ်သလားဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ့ အခြေအနေဟာ ၁၉၉ဝနဲ့ မတူတော့ပါဘူး။ ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံရေး နိုးကြားနေတယ်။ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင်သူတိုင်းက ရလဒ်ကို လေးစားရမယ်” လို့ ဖြေကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013