DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအမှုများအားလုံး ပိတ်သိမ်းပေးရန် သမ္မတကို တောင်းဆို
DVB
·
November 20, 2015
နိုင်ငံရေးအမှုများအားလုံး ပိတ်သိမ်းပေးရန် သမ္မတကို တောင်းဆို
Donate to DVB

နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအရ တရား ရင်ဆိုင်နေရသူတွေရဲ့ အမှုတွေကို ပိတ်သိမ်းပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အပါအ၀င် အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၃ ဖွဲ့က သမ္မတကို တောင်းဆိုလိုက်ပါတယ်။

သမိုင်းဝင်ရွေးကောက်ပွဲကြီးကို အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ အခြေအနေမှာ မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲက ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတာဟာ လုံးဝ မလျော်ကန် ဘူးလို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့အညီ တိုင်းပြည်ကို တည်ဆောက်နိုင်ဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ တခုတည်းသော လမ်းဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရာမှာ အင်အားစုအားလုံး ပါဝင်ဖို့ သမ္မတအနေနဲ့  လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အမှုပိတ်သိမ်းပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013