DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီ ဖွဲ့စည်း
DVB
·
November 20, 2015
ပြည်ထောင်စုအဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီ ဖွဲ့စည်း
Donate to DVB

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို အဖွဲ့ဝင် ၂၆ ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၇ နဲ့ ၁၈ ရက်တွေက နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့  အန်စီအေ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကနေ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဒီအဖွဲ့မှာ အစိုးရကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ကိုယ်စားလှယ် ၁၀ ဦးနဲ့ အရပ်သားကိုယ်စားလှယ် ၆ ဦးပါဝင်ပါတယ်။

ဒီအဖွဲ့ကို  ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်ပြီး စောအိုင်းဇက်ဖိုးက ဒုဥက္ကဋ္ဌ(၁) ၊ ဦးပြည့်စုံက ဒုဥက္ကဋ္ဌ (၂)၊ ဒေါက်တာရွှေခါးရ်က အတွင်းရေးမှူး (၁)၊ ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က အတွင်းရေးမှူး (၂)အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

အဖွဲ့ဝင်တွေထဲမှာတော့ ဦးကိုကိုကြီး၊ ဒေါက်တာမင်းဇော်ဦး၊ ဆလိုင်းယောအောင်၊ စောနေစိုးမြ၊ ခိုင်မျိုးချစ်၊ ဗိုလ်ချုပ်အောင်ကျော်ဇော၊ ဗိုလ်ချုပ်မင်းနောင်၊ ဗိုလ်ချုပ်အောင်စိုး၊ ဦးမြင့်စိုး၊ စောကျော်သန်းဌေး၊ ခွန်အောင်မန်း၊ ဦးဆောင်းဟန်၊ စောတာဒိုမူး၊ စိုင်းလျန်း၊ သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေး၊ စိုင်းမျိုးသန့်၊ ဦးမောင်မောင်ငြိမ်း၊ ဦးခင်မောင်စိုး၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်နဲ့ သူရ ဦးတင်လှတို့ ပါဝင်ပါတယ်။

ဒီကော်မီတီဟာ အပစ်ခတ်ရပ်စဲရေးမူကို ပိုမိုခိုင်မာလာစေနဲ့ တကယ်ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ် ဖွဲ့စည်းထားတဲ့အတွက် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို စောင့်ထိန်းဖို့ ဖွဲ့စည်းရတာဖြစ်တယ်လို့လည်း ကော်မတီရဲ့ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက ပြောပါတယ်။

“ပထမ ကျနော်တို့ လုပ်တာကတော့ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေရယ်၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေရယ် ကျနော်တို့က လုပ်ထားပြီ ဖြစ်တယ်။ အဲဒီဟာကို နှစ်ဖက်ကနေ လိုက်နာဖို့အတွက် ကျနော်တို့က လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလိုက်နာမှုနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်မှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က  တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ရေးထိုးပြီးနောက် စာချုပ်ပါ အချက်တွေကို အကောင်အထည် ဖော်တဲ့အနေနဲ့ ခုလို ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဖွဲ့စည်းလိုက်တာပါ။

ပြည်ထောင်စုအဆင့် ပူးတွဲစောင့်ကြည်ရေးကော်မတီအဖွဲ့ကို ဖွဲ့စည်းပြီးနောက်ပိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ပူးတွဲကော်မတီကိုလည်း ဆက်လက်ဖွဲ့စည်းဖို့ ရှိပြီး လာမယ့်လကစပြီး ရှမ်းပြည်နယ်မှာ ပြည်နယ်အဆင့် စတင်ဖွဲ့စည်းမှာ ဖြစ်တယ်လို့လည်း ဒေါက်တာရွှေခါးက ပြောပါတယ်။

ပြည်နယ်အဆင့်ဖွဲ့စည်းပြီးရင်တော့ ဒေသန္တရ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ကိုလည်း ဆက်လက်ဖွဲ့စည်းမှာ ဖြစ်တယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013