DVB Logo
Home
မြန်မာသတင်း
မြိတ်ရေပိုင်နက်အတွင်း သိန်း ၅ သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ပိုင်ရှင်မဲ့ ဖမ်းဆီးမိ
DVB
·
November 20, 2015
မြိတ်ရေပိုင်နက်အတွင်း သိန်း ၅ သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ပိုင်ရှင်မဲ့ ဖမ်းဆီးမိ
1 / 7
Donate to DVB

မြိတ်ရေပိုင်နက်အတွင်း ခန့်ဟိန်းဇင်အောင် စက်လှေပေါ်မှာ သိန်း ၅၇၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးတွေကို နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့်က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

မြိတ်ရေပိုင်နက်အတွင်း နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့် "ခန့်ဟိန်းဇင်အောင်" အမည်ရှိ မသင်္ကာဖွယ်စက်လှေအား မြို့စောင့်ရေယာဉ် ၄၀၃ မှ စစ်ဆေးဖို့ အချက်ပြခေါ်ယူရာ အစစ်ဆေးမခံပဲ မောင်းပြေးပြီး မြိတ် ကလွင်မော်စွန်းရှိ ဒီရေတောစပ်သို့ မောင်းနှင်ကာ စက်လှေပေါ်ရှိလူတွေ ထွက်ပြေတိမ်းရှောင်ပြီးစက်လှေအား စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။

စွန်ပစ်ခဲ့တဲ့ စက်လှေပေါ်သို့ မြို့စောင့်ရေယာဉ်အဖွဲ့၊ မြိတ်မြို့နယ် ရဲမှူးဦးစီးတဲ့ အဖွဲ့၊ စရဖ ဦးစီးအဖွဲ့နဲ့ ရပ်ကွက်လူကြီးများ သွားရောက်စစ်ဆေးရာ လှေသားအိပ်သော အခန်းတွင်း WY စာတန်းပါ ပန်းရောင်ဆေးပြား ၇၅ ပြား၊ အစိမ်းရောင် ၂ ပြား၊ ဘိန်းစာမှုန့် ၃၀ ဂရမ် ၁ ထုပ်တွေ့ရှိသဖြင့် မြို့နယ်မှူးဦးသန်းဦးအဖွဲ့မှ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ပြီး၊ လှေရဲ့စက်ခန်းအတွင်း ဆက်လက်ရှာဖွေရာ ဒီဇယ်ဆီတိုင်ကီအား မသင်္ကာတာကြောင့် စစ်ဆေးရာ တိုင်ကီတွင်းမှ ICE (သို့) METANFETAMINE ဟု ယူဆရတဲ့ ပါကင်ပိတ် အိတ် ၁၄၄ အိတ် (ပေါက်ပြဲ-၄-အိတ်ပါရှိ) တွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် ထပ်မံသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ရှာဖွေတွေ့ရှိသည့် ICE ဟုယူဆရတဲ့ အိတ်အားသက်သေများ ရှေ့တွင် ချိန်တွယ်ရာ၊ အိတ် တအိတ်လျှင် (၁) ကီလိုဂရမ် ရှိပြီး တန်ဖိုးအနေနဲ့ ဒေသပေါက်ဈေး ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၄၀၀ ရှိကြောင်း၊ စုစုပေါင်းအိတ်ရေ ၁၄၀ အတွက် တန်ဖိုးငွေ ကျပ်သိန်း ၅၆,၀၀၀ နဲ့ ပေါက်ပြဲအိတ် ၄ အိတ်တွင် အလေးချိန် ၃ ကီလိုဂရမ် တန်ဖိုးငွေ သိန်း ၁၂၀၀ ကျပ်၊ စုစုပေါင်း တန်းဖိုးသိန်း ၅၇,၂၀၀ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - Myat Htut

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013