DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဖြတ်တံတားကူးလက်မှတ်ဖြင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးအရေးယူမည်
DVB
·
November 20, 2015
နယ်စပ်ဖြတ်တံတားကူးလက်မှတ်ဖြင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးအရေးယူမည်
1 / 5
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့မှာ နယ်စပ်ဖြတ်တံတားကူးလက်မှတ်နဲ့ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံက လုပ်ခွင့်မပေးတော့ဘဲ ဖမ်းဆီး အရေးယူတော့မယ်လို့ မြန်မာ-ထိုင်း နယ်ခြားကော်မတီ (တီဘီစီ) က ပြောပါတယ်။

တာချီလိတ်တဘက်ခြမ်း မယ်ဆိုင်မြို့မှာ မြန်မာအပါအ၀င် တခြားနိုင်ငံသားတွေက အလုပ်ရှင်၊ အလုပ်သမားလက်မှတ် မရှိဘဲ ဈေးဆိုင်ဖွင့်တာ၊ ဈေးဆိုင်မှာ အရောင်းဝန်ထမ်းလုပ်တာအပြင် မြန်မာဘက်ကနေ ထိုင်းဘက်ကိုကူးတဲ့ နယ်စပ်တံတားကူးလက်မှတ်ကိုင်ပြီး ဈေးရောင်းတာတွေ ကို တွေ့ရင် ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ဖမ်းဆီးအရေးယူသွားမယ်ဆိုပြီး ထိုင်းဘက်က အသိပေးလာတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် တံတားကူးစာအုပ်ဟာ နယ်စပ်ဖြတ်ကျော်ဖို့အတွက်သာ ထုတ်ပေးထားတာဖြစ်ပြီး အလုပ်လုပ်ဖို့ မဟုတ်ဘဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် အလုပ်လုပ်ခွင့်ပါမစ်စာအုပ်နဲ့ ပတ်စ်ပို့၊ ဗီဇာတွေ လိုအပ်တယ်လို့ ထိုင်း-နယ်ခြားကော်မတီ (တီဘီစီ)က ပြောပါတယ်။

သတင်းဓာတ်ပုံ - ကိုဇက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013